Friday, January 29, 2010

ပုဏ္ဏား နှင့် ဗုဒ္ဓမြတ်စွာဘုရား အမေးအဖြေ

ပုဏ္ဏား နှင့် ဗုဒ္ဓမြတ်စွာဘုရား အမေးအဖြေ

ပုဏ္ဏားအမေး…
မင်း(ရှင်ဘုရင်)တို့သည် …
အဘယ်ကို အလိုရှိကုန်သနည်း…
အဘယ် အလို့ငှါ လေ့လာကုန်သနည်း…
အဘယ်လျှင် တည်ရာ ရှိကုန်သနည်း…
အဘယ်ကို နှလုံးသွင်းကုန်သနည်း…
အဘယ်လျှင် အဆုံးရှိကုန်သနည်းဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
မင်း(ရှင်ဘုရင်)တို့သည်…
စည်းစိမ်ကို အလိုရှိကုန်၏…
ပညာ အလို့ငှါ လေ့လာကုန်၏…
ဗိုလ်ပါ အပေါင်းလျှင် တည်ရာရှိကုန်၏…
ရေမြေကို အစိုးရခြင်းကို နှလုံးသွင်းကုန်၏…
အစိုးရခြင်းလျှင် အဆုံးရှိကုန်၏ ဟု မိန့်တော်မူ၏…

ပုဏ္ဏားအမေး…
ပုဏ္ဏားတို့သည် …
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာ ကုန်သနည်း…
အဘယ်လျှင် တည်ရာ ရှိကုန်သနည်း…
အဘယ်ကို နှလုံး သွင်းကုန်သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
ပုဏ္ဏားတို့သည်…
စည်းစိမ်ကို အလိုရှိကုန်၏…
ပညာ အလို့ငှါ လေ့လာကုန်၏…
မန္တာန်လျှင် တည်ရာ ရှိကုန်၏…
ယဇ်ပူဇော်ခြင်းကို နှလုံးသွင်းကုန်၏…
ဗြဟ္ဗာ့ဘုံသို့ ရောက်ခြင်းလျှင် အဆုံးရှိကုန်၏ ဟု မိန့်တော်မူ၏…

အသျှင်ဂေါတမ…
သူကြွယ်တို့သည်…
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာကုန် သနည်း…
အဘယ်လျှင် တည်ရာရှိကုန် သနည်း…
အဘယ်ကို နှလုံးသွင်းကုန် သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
သူကြွယ်တို့သည်…
စည်းစိမ်ဥစ္စာကို အလို ရှိကုန်၏…
ပညာ အလို့ငှါ လေ့လာကုန်၏…
အတတ်ပညာလျှင် တည်ရာ ရှိကုန်၏…
အလုပ်ကိစ္စကို နှလုံးသွင်းကုန်၏…
ပြီးဆုံးပြီးသော အလုပ်ကိစ္စလျှင် အဆုံးရှိကုန်၏ ဟု မိန့်တော်မူ၏…

ပုဏ္ဏားအမေး…
မိန်းမတို့သည်…
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာကုန်သနည်း…
အဘယ်လျှင် တည်ရာရှိကုန် သနည်…
အဘယ်ကို နှလုံးသွင်းကုန် သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
မိန်းမတို့သည်…
ယောက်ျားကို အလိုရှိကုန်၏…
တန်ဆာ ဆင်ခြင်းငှါ လေ့လာကုန်၏…
သားလျှင် တည်ရာရှိကုန်၏…
လင်တူမယား မရှိမူကို နှလုံးသွင်းကုန်၏…
အစိုးရခြင်းလျှင် အဆုံးရှိကုန်၏ဟု မိန့်တော်မူ၏…

ပုဏ္ဏားအမေး…
ခိုးသူတို့သည်…
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာကုန်သနည်း…
အဘယ်လျှင် တည်ရာ ရှိကုန်သနည်း…
အဘယ်ကို နှလုံးသွင်းကုန် သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
ခိုးသူတို့သည်…
သူတစ်ပါးဥစ္စာ ပစ္စည်းကို ယူခြင်းကို အလိုရှိကုန်၏…
ပုန်းအောင်းရန် အလို့ငှါ လေ့လာကုန်၏…
လက်နက်လျှင် တည်ရာရှိကုန်၏…
အမိုက်မှောင်ကို နှလုံးသွင်းကုန်၏…
ဥစ္စာရှင်တို့ မမြင်ရခြင်းလျှင် အဆုံးရှိကုန်၏ ဟု မိန့်တော်မူ၏…

ပုဏ္ဏားအမေး…
ရဟန်းတို့သည်…
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာကုန်သနည်း…
အဘယ်လျှင် တည်ရာရှိကုန် သနည်း…
အဘယ်ကို နှလုံးသွင်းကုန် သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
ရဟန်းတို့သည်…
သည်းခံမှု သီလ စင်ကြယ်မှုကို အလိုရှိကုန်၏…
ပညာ အလို့ငှါ လေ့လာကုန်၏…
သီလလျှင် တည်ရာရှိကုန်၏…
ကြောင့်ကြ မရှိမှုကို နှလုံးသွင်းကုန်၏…
နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏ဟု မိန့်တော်မူ၏…

အသျှင်ဂေါတမ အံ့ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဘူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမသည် မင်းတို့၏ အလိုကို လည်းကောင်း၊ လေ့လာရာကို လည်းကောင်း၊ တည်ရာကို လည်းကောင်း၊ နှလုံးသွင်းကို လည်းကောင်း၊ အဆုံးကို လည်းကောင်း သိတော်မူပါပေ၏။
အသျှင်ဂေါတမသည် ပုဏ္ဏားတို့၏လည်း။ပ။
အသျှင်ဂေါတမသည် သူကြွယ်တို့၏လည်း။ပ။
အသျှင်ဂေါတမသည် မိန်းမတို့၏လည်း။ပ။
အသျှင်ဂေါတမသည် ခိုးသူတို့၏လည်း။ပ။
အသျှင်ဂေါတမသည် ရဟန်းတို့၏လည်း အလိုကို လည်းကောင်း၊ လေ့လာရာကို လည်းကောင်း၊ တည်ရာကို လည်းကောင်း၊ နှလုံးသွင်းကို လည်းကောင်၊ အဆုံးကို လည်းကောင်း သိတော်မူပါပေ၏။

အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေ၏။ပ။
အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်တတ်သူ 'ဥပါသကာ' ဟူ၍ မှတ်တော်မူပါ ဟု လျှောက်၏။

၁ဝ - ခတ္တိယသုတ်၊ ဓမ္မိကဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

သဘာဝအလျောက် ဖြစ်တတ်သည့် ဘေးဥပါဒ် အန္တရာယ်များ ကင်းဝေးစေသည့် ဂါထာတော်

သဘာဝအလျောက် ဖြစ်တတ်သည့် ဘေးဥပါဒ် အန္တရာယ်များ ကင်းဝေးစေသည့် ဂါထာတော်

သဘာဝအလျောက် ဖြစ်တတ်သည့် ဘေးဥပါဒ် အန္တရာယ်များ
ကင်းဝေးစေသည့် ဂါထာတော်

ယင်းကဏ္ဍကို ဖော်ပြရခြင်းမှာ ဗုဒ္ဓဘာသာဝင်များ အတွက် အလွယ်တကူ ကျက်မှတ်စေလိုသော စေတနာဖြင့် စီစဉ်ထားခြင်း ဖြစ်၏။ ဗုဒ္ဓဘာသာဝင် တစ်ယောက် အတွက် “ ဗုဒ္ဓွေါ မေ သရဏံ အညံ နတ္ထိ = ဘုရားမှ လွဲလျှင် ကိုးကွယ်ရာ အားထားရာမရှိပေ”၊ သို့သော် လူသားတို့သည် စီပွားရေး လူမှုရေး လုပ်ငန်းတို့ဖြင့် ဌာနအသီးသီး ဒေသအရပ်ရပ်သို့ လှည့်ပတ်သွားလာ၍ နေကြရ၏။ အန္တရာယ်ထူပြောသော ဒေသကိုလည်း မလွှဲသာ မရှောင်သာ သွားကြရ၏။ တစ်ခါတစ်ရံ အန္တရာယ်များသော အရပ်၌ နေထိုင်ကြရ၏။ ယင်းအချိန်အခါမျိုးတွင် ပုထုဇဉ်သဘာဝ စိတ်အားငယ်တတ်ကြမည် ဖြစ်ပေ၏။

ထိုအချိန်မျိုးတွင် စိတ်အားတက်စရာ အားကိုးစရာများကို ရှာတတ်ကြ၏။ ဘာသာရေးဟူသည် ယင်းသို့ စိတ်အားငယ်သည့်အခါ ဘာသာတရားသည် အားကိုးစရာ အစစ်ဖြစ်သည်ကို တွေ့ကြရပေ၏။ အန္တရာယ်များလှသော လူသားများအတွက် အားကိုးရာတစ်ရပ် အနေဖြင့် ဗုဒ္ဓမန္တန်များကို စီစဉ်ဖော်ပြထားခြင်း ဖြစ်ပါ၏။

ယခုဖော်ပြမည့် ဗုဒ္ဓမန္တန်များမှာ ပိဋကတ်စာပေလာ ဂါထာ စုဏ္ဏိယများ နှင့် ရှေးဆရာတော်ကြီးများ ရေးသားစပ်ဆိုတော်မူခဲ့သော ရတနာသုံးပါးဆိုင်ရာ ဂါထာနှင့် စုဏ္ဏိယများသာ ဖြစ်ပေ၏။ အချိန်များများပေး၍ ပိဋကတ်တော်လာ ပါဠိတော်များကို မရွတ်ဖတ် မသရဇ္ဈာယ်နိုင်ပါက အကျဉ်းချုပ် မန္တန်များကို ရွတ်ဖတ်ကြရန် ဖြစ်ပေ၏။

“နမောတဿ” အန္တရာယ်ကင်း မန္တန်မှာလည်း ဘုရားရှိခိုးပင်ဖြစ်ကြောင်း အားလုံးသိပြီး ဖြစ်၏။ ယင်းသို့ ဘုရားရှိခိုးသော ပဏာမစေတနာသည်ပင် အန္တရာယ်ကင်း၍ ကျန်းမာ ချမ်းသာခြင်းကို ဖြစ်စေနိုင်သည်မှာ သံသယဖြစ်ဖွယ် မလိုတော့ပေ။ “သဝေမပါ ကိုးဂါထာ”မှာလည်း သရဏဂုံပါဠိပင် ဖြစ်၏။ စိတ်တော်ဖြင့် ကျူးရင့်သော ဥဒါန်းဂါထာ၊ နှုတ်တော်ဖြင့် ကျူးရင့်သော ဥဒါန်းဂါထာ၊ သဗ္ဗဇယမင်္ဂလာ ဂါထာတော် စသော ဂါထာများမှာလည်း ဘုရားဟောသော ပါဠိတော်များမှ ထုတ်နုတ်ထားခြင်းပင် ဖြစ်၏။

ဤဂါထာ ပါဠိများကို ရှေးအစဉ်အဆက်ဆက်ကပင် အန္တရာယ်ကင်းအနေအားဖြင့် ရွတ်ဖတ်ပွားများခဲ့ကြ၏။ ယုံကြည်ခဲ့ကြ၏။ ယုံကြည်သည့်အတိုင်းလည်း လက်တွေ့ အကျိုးခံစားရသူများ အများအပြားပင် ရှိခဲ့၏။ အောင်ခြင်းရှစ်ပါးဂါထာ၊ သမ္ဗုဒ္ဓေဂါထာတို့မှာလည်း ဘုရားဂုဏ်တော်နှင့် စပ်၍ ရှေးဆရာတော်များ ရေးသားထားခဲ့ရာ ယနေ့တိုင် အစဉ်အလာအားဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ကြပေ၏။

ထို့ကြောင့်ပင် ဗုဒ္ဓမန္တန်များကို သီခြား ဖော်ပြထားခြင်း ဖြစ်၏။ မြတ်ဗုဒ္ဓကို ယုံကြည်သော သဒ္ဓါတရားရှိသူများအဖို့ ဤဂါထာများကို ရွတ်ဖတ် သရဇ္ဈာယ်ရခြင်းသည် သမာဓိတည်ငြိမ်မှုဖြင့် ရွတ်ဆိုနေခိုက်မှာပင် စိတ်ချမ်းသာမှုကို အပြည့်အဝ ခံစားကြရမည် ဖြစ်ပေ၏။ စိတ်၏ စွမ်းအင်၊ သဒ္ဓါတရား၏ စွမ်းအင် သတ္တိကြောင့် အန္တရာယ်ကင်းနိုင်ခြင်းကိုကား သံသယဝင်ဖွယ် မလိုတော့ပေ။

ဤအကျိုးတရားများကို ရယူလိုသူများအတွက် အခက်အခဲ မရှိစေရန် တစ်စုတပေါင်းတည်း ဖြစ်စေရန် စီစဉ် တင်ပြထားခြင်း ဖြစ်ပေသတည်း။ (အကယ်၍များ အလွတ်ရွတ်ဖတ်ခြင်း မတတ်နိုင်သူများ အဖို့ မိတ္တူပွားကာ ကြည့်ပြီးရွတ်ဆိုခြင်း၊ နေအိမ်တွင် ကပ်ထားခြင်းဖြင့်လည်း အကျိုးရှိနိုင်ပေသည်ဟု ဆိုရပါမည်။)


စက်ကြီး (၁၃)ပါး ဂါထာ ပါဠိတော်
သြောင်း - တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။
တစ်ဆယ့်လေးချက် ဓမ္မစက်။
တစ်ဆယ့်ရှစ်ချက် သံဃစက်။
လရောင်းဝင်းလျက် ရှင်ပစ္စေကဗုဒ္ဓါ ရဟန္တာစက်။
မြင်းမိုရ်တောင်ဦး မြင့်ခေါင်ကျူးလျက် မိဘစက်။
ဂုဏ်ကျေးဇူး အထူးသိလျက် ဆရာ့စက်။
ဗြဟ္မစိုရ်လက်နက် ဗြဟ္မာ့စက်။
မိုးကြိုးလက်နက် သိကြားစက်။
လောင်မီးကျလျက် နတ်တို့စက်။
ဘွဲ့ဖြူလက်နက် ဘီလူးစက်။
တောင်ဟုန်းပြင်းလျက် ဂဠုန်မင်းစက်။
အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်။
သုံးထောင်သင်္ချာဟေဝန္တာ အာဏာစိုးလျက် သီဟစက်။
စက်ကြီးတစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက ဘေးများမြင်မှု၊
မကောင်းစုတို့၊ ဝေးကကြဉ်ရှောင်၊ အောင်စေတတ်သည်။
မြတ်သည့်ဆရာ ပညာတည်း။
သြောင်း - နမော ဗုဒ္ဓါ နုဘာဝေန၊
သြောင်း - နမော ဓမ္မာ နုဘာဝေန၊
သြောင်း - နမော သံဃာ နုဘာဝေန၊
သြောင်း - ဒူရေ - ဒူရေ၊ သွား ဟုံ ဟုံ။

   

စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော် ရွတ်ဆိုရခြင်းအကျိုး

စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော်ကို နေ့စဉ် ရွတ်ဖတ်ခြင်းဖြင့် မိမိတို့အိမ်၌ ကျက်သရေမင်္ဂလာ တိုးတက် ပွားများစေပါသည်။ ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်များလည်း ကင်းဝေးစေပါသည်။ ထို့ပြင် အမိ၊ အဘ၊ ဆရာသမား စသော ချစ်ခင်နှစ်သက်သူတို့နှင့် မကွဲမကွာ အတူတကွ နေထိုင်ရသော အကျိုးတို့ကိုလည်း ရရှိစေနိုင်ပါသည်။

ဤဂါထာမန္တန်တော်ကို ကုန်းလမ်း၊ ရေလမ်း၊ လေယာဉ်ခရီးလမ်းတို့ သွားလာရာ၌ အထူးသတိပြုကာ တလေးတစား ရွတ်ဆိုပွားများသင့်ပါသည်။ ယင်းဂါထာမန္တန်တော်ကို ရွတ်ဖတ်ပွားများပြီးသောအခါ မိမိကိုယ်စောင့်နတ် အပါအဝင် နတ်တို့အား အမျှပေးဝေပါ။ လမ်းခရီး၌ အန္တရာယ် တစ်စုံတစ်ခု ကြုံလာသည့်တိုင် ၎င်းနတ်တို့က မိမိအား ကျေးဇူးတင်သောအားဖြင့် တုံ့ပြန်ကူညီကြလိမ့်မည်။ သူတော်ကောင်း နတ်ကောင်းမ ဆိုသည့် သဘောကို စဉ်းစား ဆင်ခြင်ရန် ဖြစ်ပါသည်။

တရားစာအုပ်များ

ဓမ္မဒူတ အရှင် ဆေကိန္ဒ

01-၀ိပဿနာအလုပ်အနှစ်ချုပ်.
02-၀ိပဿနာအမေးအဖြေ (၁).
03-၀ိပဿနာအမေးအဖြေ (၂).
04-မရှိမဖြစ်စင်ကြယ်ခြင်း.
05-ရဲရင့်သူတို့၏သတ္တိ.
06-လူတိုင်းသိစေချင်ပါသည်.
07-သတိရှိဖို့သတိထားကြစို့.
08-ပြေပြေလည်လည်ရှိစေချင်တယ်.
09-အမြင်မှန်ရဖို့အမှန်မြင်အောင်ကြိုးစားစို့

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

01-ကုသိုလ်စိတ်.
02-ကျောင်းလှူသူသည်ကောင်းကျိုးချမ်းသာအားလုံးအားလုံးကိုလှူရာရောက်သည်
03-စိတ်လျှော်ဖွတ်တဲ့အလုပ်
04-စိတ်အားဖြည့်ဓမ္မမိုးစက်

05-ဆေးပေါင်းခတဲ့ မျက်ရည်
06-တကယ်မသေခင် အစမ်းသေကြည့်ကြရအောင်

07-တစ်ယောက်တည်းနေတစ်စိတ်တည်းထား

08-တစ်ရာနှင့်တစ်ရက်.

09-ဓမ္မနှင်းပွင့်

10-ဓမ္မရွက်နု.

11-နှလုံးသားမိတ္ထူ.
12-နွားကလေးနက်ချော.
13နို့နှစ်လုံးဖိုးကျေပါတယ်.
14-ရည်စူးကုသိုလ်.
15-မိဘကျေးဇူးအကြေဆပ်နည်း.

16-မသေခင်ဘာလုပ်ကြမလဲ.
17-မြင့်မြတ်သောဥပက္ခော.
18-လူပျိုဘုရားလုံးဝမရှိ.
19-လောကတွင်အကောင်းဆုံးသောအရာ.
20-သတ်သတ်လွတ်နှင့်ကုသိုလ်စိတ်.
21-အချစ်ကံခေပေမဲ့အနှစ်ကျန်စေရမယ်.
22-အနှိုင်မဲ့အဖော်.
23-အနှိုင်းမဲ့ကုသိုလ်.
24-အနှိုင်းမဲ့ဘာဝနာ.
25-အနှိုင်းမဲ့မီး.
26-အနှိုင်းမဲ့ရဟန်း.
27-အနှိုင်းမဲ့လာဘ်.
28-အနှိုင်းမဲ့အလှူ
29-အားထုတ်ဖြစ်ဖို့ အဓိက.
30-အနှိုင်းမဲ့ ဥစ္စာ.

မဟာဂန္ဓာရုံ ဆရာတော် အရှင် ဇနကာဘိဝံသ

01- အနာဂါတ်သာသနာရေး
02 အရှင်ဇနကာဘိဝံသ အဆိုအမိန့်များ
03- ဘဝသွေး
04 ဗုဒ္ဓဘာသာလက်စွဲ(ပထမတွဲ ဒုတိယတွဲ)
05-မဟာဂန္ဓာရုံ ဝတ်ရွတ်စဉ်များ
06- ဝီထိနှင့် သုံးချက်စု
07- ရတနာ့ဂုဏ်ရည်
08- ဓမ္မစင်္ကြာတရားတော်
09 ကိုယ်ကျင့် အဘိဓမ္မာ
10 အခြေပြုပဌာန်းတရားတော်
11- နံနက်ခင်းသြဝါဒများ
12-ပရိတ်ပါဠိ၊ ပရိတ်ကြီးနိဿယနှင့် ပရိတ်တရားတော်များ
13-သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ အမေးအဖြေများ

အရှင်ဇ၀န(မေတ္တာရှင်)

အရှင်ဇ၀န(မေတ္တာရှင်)-ထေရ၀ါဒမှတ်ကျောက်.
အရှင်ဇ၀န(မေတ္တာရှင်)-ဆရာကောင်းကို ရှာဖွေခြင်း
အရှင်ဇ၀န(မေတ္တာရှင်) _စာရိတ္တသတ္တ္တိ.
အရှင်ဇ၀န(မေတ္တာရှင်) _စုန်လမ်းနှင့်ဆန်လမ်း.
အရှင်ဇ၀န(မေတ္တာရှင်) _ပန်းဒကာနှင့်မုဒိတာ.
အရှင်ဇ၀န(မေတ္တာရှင်) _ဘ၀နှင့်ရင်းရသောအတွေးအမြင်များ(၁).
အရှင်ဇ၀န(မေတ္တာရှင်) _ဘ၀နှင့်ရင်းရသောအတွေးအမြင်များ(၂).
အရှင်ဇ၀န(မေတ္တာရှင်) _မဂ်တားဖိုလ်တားအန္တရာယ်များ.
အရှင်ဇ၀န(မေတ္တာရှင်) _မဂ်ဖိုရမည့်သမာဓိအဆင့်ဆင့်
အရှင်ဇ၀န(မေတ္တာရှင်) _မြန်မာတို့၏အသက်.
အရှင်ဇ၀န(မေတ္တာရှင်) _မိဘမေတ္တာရသစာစုများ.
အရှင်ဇ၀န(မေတ္တာရှင်) _မယ်တော်ကြီးထံဝိပဿနာပေးစာ.
အရှင်ဇ၀န(မေတ္တာရှင်) _မျက်ရည်မကျခင်သိစေချင်.
အရှင်ဇ၀န(မေတ္တာရှင်) _ယုံမှတ်လို့ ပုံအပ်မိသူများအကြောင်း(၁).
အရှင်ဇ၀န(မေတ္တာရှင်) _ယုံမှတ်လို့ ပုံအပ်မိသူများအကြောင်း(၂).
အရှင်ဇ၀န(မေတ္တာရှင်) _လူငယ်များအတွက် ဂမ္ဘီရ၀ိပဿန(၁၊၂).
အရှင်ဇ၀န(မေတ္တာရှင်) _လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ(၃၊၄).
အရှင်ဇ၀န(မေတ္တာရှင်) _လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ(၅၊၆)
အရှင်ဇ၀န(မေတ္တာရှင်) _သစ္စာတရားတော်အပိုင်း(၁).
အရှင်ဇ၀န(မေတ္တာရှင်) _သစ္စာတရားတော်အပိုင်း(၂).
အရှင်ဇ၀န(မေတ္တာရှင်) _သစ္စာတရားတော်အပိုင်း(၃).
အရှင်ဇ၀န(မေတ္တာရှင်) _သစ္စာတရားတော်အပိုင်း(၅).
အရှင်ဇ၀န(မေတ္တာရှင်) _သစ္စာတရားတော်အပိုင်း(၆).
အရှင်ဇ၀န(မေတ္တာရှင်) _အတွင်းရန်သူ.
အရှင်ဇ၀န(မေတ္တာရှင်)_ကိုးဆယ့်နှစ်ကမ္ဘာငိုခဲ့ရသူများ.
အရှင်ဇ၀န(မေတ္တာရှင်)_မိရိုးဖလာနှင့်တကယ့်ဗုဒ္ဓဘာသာ.
အရှင်ဇ၀န(မေတ္တာရှင်)_အသေမြတ်ချင်သေနည်းသင်.
အရှင်ဇ၀န(မေတ္တာရှင်)_မေတ္တာအစွမ်းအံ့မခန်း.
အရှင်ဇ၀န(မေတ္တာရှင်) _အရှုံးမရှိသောဒဿန.
အရှင်ဇ၀န(မေတ္တာရှင်) _ကျောင်းအမနတ်သမီးအလှကြီး.
အရှင်ဇ၀န(မေတ္တာရှင်) _မေတ္တာဖြင့်စီးပွားရှာခြင်း.
အရှင်ဇ၀န(မေတ္တာရှင်)_သီလအစွမ်းအံ့မခမ်း
အရှင်ဇ၀န(မေတ္တာရှင်)_သညာသိနှင့်ပညာသိ(၁)
အရှင်ဇ၀န(မေတ္တာရှင်)_သညာသိနှင့်ပညာသိ(၂)