Thursday, April 29, 2010

မာန်လည်ဆရာတော် ၏ ဂုဏ်တော်ကိုးပါး အဖွင့်

( မာန်လည်ဆရာတော် ၏ ဂုဏ်တော်ကိုးပါး အဖွင့် )

ဣတိပိ သော ဘဂ၀ါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောက၀ိဒူ၊ အနုတ္တရောပုရိသဒမ္မသာရထိ၊ သတ္ထာ ဒေ၀မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂ၀ါတိ။

၁။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-အသို့ ၀ါသနာနှင့်တကွ ကိလေသာတို့မှ ဝေးကြီးဝေးတော်မူပြီးသော အကြောင်း၊ အရိယာမဂ် သယမ္ဘူဉာဏ် လက်နက်ဖြင့် ကိလေသာရန်သူတို့ကို သတ်တော်မူပြီးသောအကြောင်း၊ သံသရာစက်၏ အကန့်ကို ပယ်ဖျက်ခုတ်ဖျတ်တော်မူပြီးသောအကြောင်း စသည်တို့ကြောင့်လည်း။ အရဟံ-အရဟံ မည်တော်မူ၏။

၂။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့ အလုံးစုံသောတရားတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ်တော်ဖြင့် ကိုယ်တော်တိုင်သာ ဆရာမရှိ ပွင့်သိတော်မူပြီးသော အကြောင်း၊ စက္ခုသည် သည်းခံအောင့်ချိနိုင်ခဲသော ဆင်းရဲအတိ သဘောရှိသော ဒုက္ခ၊ ရှေးဘ၀၌ စက္ခုကို အလိုရှိသော တဏှာဟူသော သမုဒယ၊ ထိုဒုက္ခ သမုဒယ ခပင်းတို့၏ ကြွင်းမဲ့စင်စစ် အသစ်တဖန် မဖြစ်ပြန်ခြင်း နိရောဓ၊ ထိုနိရောဓသို့ ရောက်စေတတ်သော မဂ္ဂဟူ၍ စက္ခုကို သစ္စာလေးပါးသို့ တင်သဖြင့် မဖောက်မပြန် ကိုယ်တော်တိုင်သာ ဆရာမရှိ သိတော်မူခြင်း၊ ဤအတူ သောတ ဃာန ဇိဝှါ ကာယ၊ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ စ၍ ပဋိလောမ အနုလောမအားဖြင့် ပဋိစ္စသမုပ္ပါဒ် ၁၂-ပါး တို့ကို အသီးသီးထုတ်၍ သစ္စာလေးပါးသို့ တင်သဖြင့် မဖောက်မပြန် ကိုယ်တော်တိုင်သာ ဆရာမရှိ သိရှိတော်မူခြင်း စသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။

၃။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့ ၀ိဇ္ဇာသုံးပါး ၀ိဇ္ဇာရှစ်ပါး စရဏ ၁၅-ပါး လွန်မြတ်သောဉာဏ်တရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း။
( တနည်း ) ပုဗ္ဗေနိဝါသ ၀ိဇ္ဇာဉာဏ်၊ ဒိဗ္ဗစက္ခု ၀ိဇ္ဇာဉာဏ်၊ အာသ၀က္ခယ ၀ိဇ္ဇာဉာဏ်-ဟု ဆိုအပ်သော ၀ိဇ္ဇာသုံးပါး၊ ၀ိပဿနာ ဉာဏ်၊ မနောမယိဒ္ဓိဉာဏ်၊ ပုဗ္ဗေနိဝါသ ဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ ဣဒ္ဓိဝိဓဉာဏ်၊ စေတောပရိယဉာဏ်၊ အာသ၀က္ခယဉာဏ်ဟုဆိုအပ်သော ၀ိဇ္ဇာရှစ်ပါး။
သဒ္ဓါ, သတိ, ဟိရီ, သြတ္တပ္ပ, ၀ီရိယနှင့်, သုတ, ပညာ, ဟူသော သူတော်ကောင်းတရား ၇-ပါး၊ သီလသံဝရ, ဣန္ဒြိယဂုတ္တ, ဘောဇနမတ္တညူ, ဇာဂရိယာနုယောဂ-၄-ပါး၊ ရူပါဝစရ ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ဟုဆိုအပ်သော စရဏ ၁၅-ပါးတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ၀ိဇ္ဇာစရဏသမ္ပန္နော-၀ိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။

၎။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့ ကောင်းမွန်တင့်တယ် စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော အရိယာမဂ်၏ သွားခြင်းဖြင့် ဘေးမရှိရာ နိဗ္ဗာန်ပြည်မြတ် ခေမာရပ်သို့ မကပ်မငြိ သွားတော်မူတတ်သောအကြောင်း၊
မကောင်းသော သဘာဝ ဒုက္ခတရားတို့၏၄င်း, သင်္ခါရပ၀တ္တိတို့၏၄င်း, တစုံတခုမျှမရှိသဖြင့် စင်စစ်ကောင်းမွန်သော နိဗ္ဗာန်ရပ်သို့ ကြွသွားတော်မူတတ်သောအကြောင်း၊
ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်းမှစ၍ ဗောဓိမဏ္ဍိုင်တိုင်အောင် ကာလပတ်လုံး သုံးဆယ်သော ပါရမီတို့ကို ဖြည့်တော်မူခြင်း သမ္မာပဋိပတ်ဖြင့် သတ္တလောက၏ အကျိုးစီးပွားကိုသာ ပြုတော်မူလျက် အယုတ်တရား လေးပါးသို့ မလားမငြိ သတိမကပ် ကြွလာတော်မူသောအကြောင်း၊
ဟုတ်မှန်သော အကျိုးရှိသော သူကားနှစ်သက် မနာလိုသော စကား၊
ဟုတ်မှန်သော အကျိုးရှိသော သူလည်းနှစ်သက် နာလိုသော စကား၊ နှစ်ခွန်းကိုသာ ပြောဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း။ သုဂတော-သုဂတ မည်တော်မူ၏။

၅။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့ ဒုက္ခ သမုဒယ နိရောဓ နိရောဓုပါယ အကျိုးတို့ဖြင့် သိအပ်ပြီးသောလောက ရှိတော်မူသော အကြောင်း၊
သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ ဟူသော ၁-ပါးသောလောက၊ ၂-ပါးသော နာမရူပလောက၊ ၃-ပါးသော ဝေဒနာလောက၊ ၄-ပါးသော အာဟာရလောက၊ ၅-ပါးသော ဥပါဒါနက္ခန္ဓလောက၊ ၆-ပါးသော အဇ္ဈတ္တိကာယလောက၊ ၇-ပါးသော ၀ိညာဏဌိတိလောက၊ ၈-ပါးသော လောကဓံလောက၊ ၉-ပါးသော သတ္တာဝါသလောက၊ ၁၀-ပါးသော အာယတနလောက၊ ၁၂-ပါးသော အာယတနလောက၊ ၁၈-ပါးသော ဓာတုလောက၊ ဤသင်္ခါရလောကတို့ကို အကျိုးအားဖြင့် ထိုးထွင်း၍ သိတော်မူခြင်း၊
အလုံးသောသတ္တ၀ါတို့၏ အလိုအာသယကိုသိတော်မူခြင်း၊ ကိလေသာတို့ကို သိတော်မူခြင်း၊ စရိုက်ကို သိတော်မူခြင်း၊ နှလုံးသွင်းအဓိမုတ္တိကကို သိတော်မူခြင်း၊ ပညာမျက်စိ၌ ကိလေသာမြူ နည်းသောသတ္တ၀ါ၊ များသောသတ္တ၀ါ၊ ထက်သောဣနြေ္ဒရှိသော သတ္တ၀ါ၊ နုသောဣနြေ္ဒရှိသောသတ္တ၀ါ၊ ကောင်းသောအခြင်းအရာရှိသော သတ္တ၀ါ၊ မကောင်းသော အခြင်းအရာရှိသော သတ္တ၀ါ၊ တရားကို သိလွယ်သောသတ္တ၀ါ၊ တရားကို သိခဲသောသတ္တ၀ါ၊ ကျွတ်ထိုက်သော သတ္တ၀ါ၊ မကျွတ်ထိုက်သော သတ္တ၀ါ၊ သတ္တလောကတို့ကို အကျိုးအားဖြင့် ထိုးထွင်း၍ သိတော်မူခြင်း မြေထုရေထု လေထုဆင့်ကာ စကြ၀ဠာမြင့်မိုရ် ယုဂန္ဓိုရ်စသော တောင် ၇-တန်၊ သတ္တရဗ္ဘာန် သီတာ ၄-ဖြာ ကျွန်းကြီး၊ သစ်ကြီး ၇-ပင်၊ ၄-ပြင်သောင်းရပ် တခုသော လောကဓာတ်မှ စ၍ အနန္တလောကဓာတ်လုံး အဆုံးမရှိသော မဟာဝိသယခေတ်ဟူသော ဤသြကာသလောကတို့ကို အကျိုးအားဖြင့် ထိုးထွင်း၍ သိတော်မူသောအကြောင်းကြောင့်လည်း။ လောက၀ိဒူ-လောက၀ိဒူ မည်တော်မူ၏။

၆။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့အတုမရှိ မယဉ်ကျေးသေးသော အပလာလနဂါးမင်း၊ စူဠောဒရနဂါးမင်း၊ မဟောဒရနဂါးမင်း၊ အဂ္ဂသိခနဂါးမင်း၊ အရ၀ါဠနဂါးမင်း၊ ဓနပါလဆင်မင်း၊ အစရှိကုန်သော တိရစ္ဆာန်ယောက်ျား။
သစ္စကနိဂဏ္ဍပုတ္တ အမ္ဗဋ္ဌလုလင်၊ ပေါက္ခရသာတိပုဏ္ဏား၊ သောဏဒန္တပုဏ္ဏား၊ ကူဋဒန္တပုဏ္ဏား၊ အစရှိကုန်သော လူယောက်ျား။
အာဠာဝကဘီလူး၊ သုစိလောမဘီလူး၊ ခရလောမဘီလူး၊ သိကြား မဃ၀၊ ဗကဗြဟ္မာ အစရှိကုန်သော နတ်ယောက်ျားတို့ကို ဆုံးမတော်မူနိုင်သော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ-အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏။

၇။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့မျက်မှောက်ဖြစ်သော ဒိဋ္ဌဓမ္မိကအကျိုး, တမလွန်ဖြစ်သော သမ္ပရာယိက အကျိုး, နိဗ္ဗာန်ဟူသော ပရမတ္ထအကျိုးတို့ဖြင့် နတ်လူဗြဟ္မာတို့ကို ထိုက်သည့်အားလျော်စွာ ဆုံးမတတ်သော အကြောင်း၊ ရှေ့ဆောင်လှည်းမှူးသည် လှည်းသားအပေါင်းတို့ကို ခိုးသူဓားပြရှိသော စောရကန္တာရ၊ သားရဲရှိသော ၀ါဠကန္တာရ၊ အစာအာဟာရ မရှိသော ဒုမ္ဘိက္ခကန္တာရ၊ ရေမရှိသော နိရုဒကကန္တာရ တည်းဟူသော ၄-ပါးသော ကန္တာရခရီးခဲမှ ထုတ်ဆောင်ကယ်တင်၍ ဘေးမရှိရာ ခေမာဘူမိ အရပ်သို့ ကောင်းစွာရောက်စေသကဲ့သို့ နတ်လူဗြဟ္မာတို့ကို ဇာတိကန္တာရ၊ ဇရာကန္တာရ၊ ဗျာဓိကန္တာရ၊ မရဏကန္တာရ တည်းဟူသော သံသရာကန္တာရ ခရီးမှ နိဗ္ဗာန်ခေမာ ဘေးမဲ့ရာသို့ ကောင်းစွာထုတ်ဆောင် ကယ်တင်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေ၀မနုဿာနံ-သတ္ထာဒေ၀ မနုဿာန မည်တော်မူ၏။

၈။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့ ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာဟု ဆိုအပ်သော သစ္စာ ၄-ပါးတို့ကို ကိုယ်တော်လည်း သိတော်မူတတ် သူတပါးကို သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ-ဗုဒ္ဓမည်တော်မူ၏။

၉။ သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်။ ဣတိပိ ဣမိနာစ ကာရဏေန-ဤသို့ လောကီ လောကုတ္တရာ ချမ်းသာကို လွန်စွာဖြစ်စေတတ်သော ဒါန သီလ အစရှိသော အထွတ်အထိပ်သို့ ရောက်သော ဘုန်းတော် ပါရမီတော် ရှိတော်မူသောအကြောင်း။
ခပ်သိမ်းသော သတ္တ၀ါတို့၏ လွန်စွာပူပန်ခြင်းကို ပြုတတ်သော အသိန်းမက များလှတုံစွာ ကိလေသာတို့ကို၎င်း၊ အကျဉ်းအားဖြင့် ဒေ၀ပုတ္တမာရ် ကိလေသမာရ် ခန္ဓမာရ် မစ္စုမာရ် အဘိသင်္ခါရမာရ်-ဟု ဆိုအပ်သော မာရ်ငါးပါးတို့ကို၎င်း ချိုးဖဲ့ဖျက်ဆီးတော်မူတတ်သောအကြောင်း။
စိတ်တော်၌ လွန်စွာ အစိုးရတော်မူခြင်း ကိုယ်တော်ကို ပရမာဏုမြူကဲ့သို့ သိမ်မွေ့သည်၏ အဖြစ်ကို ပြုဖန်ဆင်းနိုင်ခြင်း အဏိမာဟူသော ဘုန်းတန်ခိုး။
ကောင်းကင်၌ သွားခြင်းစသောအားဖြင့် ပေါ့ပါးလျင်မြန်သည်၏ အဖြစ်ကို ပြုဖန်ဆင်းနိုင်ခြင်း လဃိမာမည်သော ဘုန်းတန်ခိုး။
စကြ၀ဠာအားလုံးကို ဖုံးလွှမ်းခြင်း စသည်ဖြင့် အပိုင်းအခြားမရှိ ကိုယ်၏ကြီးမားသည်၏ အဖြစ်ကို ပြုဖန်ဆင်းနိုင်ခြင်း မဟိမာမည်သော ဘုန်းတန်ခိုး။
အလိုရှိရာအရပ်သို့ ခဏချင်းရောက်နိုင်ခြင်း၊ လက်တော်ဖြင့် နေလကို လှမ်းမီကိုင်နိုင်ခြင်း ပတ္တိမာ-ဟူသော ဘုန်းတန်ခိုး။
အဓိဋ္ဌာန်စသည်၏ အစွမ်းဖြင့် အလိုရှိအပ်သော အမှုကိစ္စကို ပြီးစေနိုင်ခြင်း ပါပကမ္မဟူသော ဘုန်းတန်ခိုး။ ခပ်သိမ်းသော သတ္တ၀ါတို့ကို အလိုသို့ လိုက်ပါစေနိုင်သော အစိုးရသည်၏ အဖြစ် ဤသိတာ-ဟူသော ဘုန်းတန်ခိုး။
ရေမီးအစုံ တန်ခိုးအထူးကို ဖန်ဆင်းခြင်း၌ အလိုရှိတိုင်းပါအောင် လျင်မြန်စွာ လေ့လာနိုင်ခြင်း ၀သိတာဟူသော ဘုန်းတန်ခိုး။
ထိုထိုပြုသမျှ အမှုတို့၌ မိမိအလိုအတိုင်း ပြီးဆုံးခြင်းသို့ ရောက်စေနိုင်ခြင်း ယထာကာမ ၀သာယိတာ ဟူသော ဘုန်းတန်ခိုး။
ဤရှစ်ပါး အကျိုးရှိသော ဣဿရိယဘုန်းတော်၊
လောကုတ္တရာ ကိုးပါးဟု ဆိုအပ်သော ဓမ္မဘုန်းတော်၊
အလွန်စင်ကြယ်စွာသော ကျော်စောခြင်းဟု ဆိုအပ်သော ယသဘုန်းတော်၊
အလွန်တင့်တယ်သော ရူပကာယ ကိုယ်တော်၏ ကျက်သရေဟုဆိုအပ်သော သိရီဘုန်းတော်၊
တောင့်တတိုင်း ပြီးစီးနိုင်သော အလိုတော်ဟုဆိုအပ်သော ကာမဘုန်းတော်၊
ခပ်သိမ်းသော သတ္တ၀ါတို့၏ ဆရာ၏အဖြစ်သို့ ရောက်ကြောင်း ကောင်းသောသမ္မာဝါယာမဟု ဆိုအပ်သော ပယတ္တဘုန်းတော်၊
ဤခြောက်ပါးသော ဘုန်းတော်နှင့် ပြည့်စုံတော်မူသောအကြောင်း စသည်ကြောင့်လည်း။ ဘဂ၀ါ-ဘဂ၀ါ မည်တော်မူ၏။

ဣတိ ဣမေဟိ န၀ဟိ ဂုဏေဟိ-ဤ ၉-ပါးသော ဂုဏ်တော်မြတ် ဂုဏ်တော်ကြီးတို့နှင့် ၊ သမန္နာဂတံ-ပြည့်စုံတော်မူသော၊ တံ ဗုဒ္ဓံ-ထိုမြတ်စွာဘုရားကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-ရိုသေစွာ ရှိခိုးပါ၏ အရှင်ဘုရား။

နှစ်ကျိပ်ရှစ်ဆူ ဘုရားများ

တံမေသဒီ၊ ကောမံသုရေ

သောအပနာပ၊ သုသုပီ

အဓံသိတိ၊ ဖုဝိသိဝေ

ကကောကဂေါ၊ နမာမဟံ။ ။



တံ-တဏှင်္ကရာ မြတ်စွာဘုရား
မေ-မေဓင်္ကရာ မြတ်စွာဘုရား
သ-သရဏင်္ကရာ မြတ်စွာဘုရား
ဒီ-ဒီပင်္ကရာ မြတ်စွာဘုရား
ကော-ကောဏ္ဍည မြတ်စွာဘုရား
မံ-မင်္ဂလ မြတ်စွာဘုရား
သု-သုဓန မြတ်စွာဘုရား
ရေ-ရေ၀တ မြတ်စွာဘုရား
သော-သောဘိတ မြတ်စွာဘုရား
အ-အနောမဒဿီ မြတ်စွာဘုရား
ပ-ပဒုမ မြတ်စွာဘုရား
နာ-နာရဒ မြတ်စွာဘုရား
ပ-ပဒုမ္ဓုတ္ထိုရ မြတ်စွာဘုရား
သု-သုမေဓါ မြတ်စွာဘုရား
သု-သုဇာတာ မြတ်စွာဘုရား
ပီ-ပီယဒဿီ မြတ်စွာဘုရား
အ-အတ္တဒဿီ မြတ်စွာဘုရား
ဓံ-ဓမ္မဒဿီ မြတ်စွာဘုရား
သီ-သိဒ္ဓတ္ထ မြတ်စွာဘုရား
တိ-တိဿ မြတ်စွာဘုရား
ဖု-ဖုဿ မြတ်စွာဘုရား
ဝိ-၀ိယသီ မြတ်စွာဘုရား
သိ-သိခီ မြတ်စွာဘုရား
ဝေ-ဝေဿဘူ မြတ်စွာဘုရား
က-ကကုသန် မြတ်စွာဘုရား
ကော-ကောဏဂုံ မြတ်စွာဘုရား
က-ကဿပ မြတ်စွာဘုရား
ဂေါ- ဂေါတမ မြတ်စွာဘုရား

နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးဂါထာ

နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးဂါထာ

တံမေသဒီ ၊ ကောမံသုရေ

သောအပနာပ၊ သုသုပီ ၊

အဓံသိတိ၊ဖုဝိသိဝေ

ကကောကဂေါ။နမာမဟံ။ ။


ဘုရားရှိခိုး ဂါထာအဆုံးတွင် ..... (( တဏှင်္ကရာ အစ ဂေါတမအဆုံး နှစ်ကျိပ်ရှစ်ဆူသော မြတ်စွာဘုရားသခင်အားလုံးတို့အား ရှိခိုးပါ၏။ )) ဟုဆိုပြီး ကန်တော့ပါ။

( အထက်ပါ နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးဂါထာကို (၉)ခေါက် ရွတ်၍ ဆွမ်း၊ပန်း။ရေချမ်း၊ဆီမီး စသည်တို့ ကို ကပ်လှူပူဇော်ပြီး ပုတီးစိပ်ပါ။ မေတ္တာပို့ပါ။ အမျှဝေပါ။ ကြုံတွေ့နေရသော အခက်အခဲအပေါင်း ၊ ဒုက္ခအပေါင်းမှ အမြန်ဆုံး လွတ်မြောက်ရပါလိုကြောင်း ဆုတောင်းပါ။ ဖြစ်ချင်တာမှန်သမျှ ဖြစ်ရမည် ဟူသော ဆန္ဒကို ပြင်းပြစွာ အာရုံပြုလျက် ဆုတောင်းပါ။ သင်မုချအောင်မြင်ပါလိမ့်မည်။)

ပဌာန်းပစ္စယုဒ္ဒေသပါဠိ


ပဌာန်းပစ္စယုဒ္ဒေသနှင့် ဆုတောင်းကို ပူဇော်တင်ဆက်ပါသည် -
ပဌာန်းပစ္စယုဒ္ဒေသပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဟေတုပစ္စယော
၂။ အရမ္မဏ ပစ္စယော
၃။ အဓိပတိပစ္စယော
၎။ အနန္တရပစ္စယော
၅။ သမနန္တရပစ္စယော
၆။ သဟဇာတပစ္စယော
၇။ အညမညပစ္စယော
၈။ နိဿယပစ္စယော
၉။ ဥပနိဿယပစ္စယော
၁ဝ။ ပုရေဇာတပစ္စယော
၁၁။ ပစ္ဆာဇာတပစ္စယော
၁၂။ အာသေဝနပစ္စယော
၁၃။ ကမ္မပစ္စယော
၁၄။ ဝိပါကပစ္စယော
၁၅။ အာဟာရပစ္စယော
၁၆။ ဣန္ဒြိယပစ္စယော
၁၇။ ဈာနပစ္စယော
၁၈။ မဂ္ဂပစ္စယော
၁၉။ သမ္ပယုတ္တပစ္စယော
၂ဝ။ ဝိပ္ပယုတ္တပစ္စယော
၂၁။ အတ္ထိပစ္စယော
၂၂။ နတ္ထိပစ္စယော
၂၃။ ဝိဂတပစ္စယော
၂၄။ အဝိဂတပစ္စယောတိ။
ပစ္စယုဒ္ဒေသော နိဋ္ဌိတော။
ဆုတောင်း
ဟေတုပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား ။
အာရမ္မဏပစ္စယော = မျက်စိနှင့် နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြုရပါေ
စသား။
အဓိပတိပစ္စယော = ရုပ် ၊နာမ် နှစ်ပါးကိုစောင့်ရှောက်ထိန်းသိမ်းရပါစေသား။
အနန္တရပစ္စယော = များလှစွာသောကုသိုလ်ရေးများကိုမျက်မှောက်ပြုရပါစေသား ။
သမနန္တရပစ္စယော = ရုပ် နှင့် နာမ်အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား ။
သဟဇာတပစ္စယော = ရုပ် - ရုပ် ခြင်း ၊ နာမ် - နာမ် ခြင်းထင်ရှားစွာသိရပါစေသား ။
အညမညပစ္စယော = ရုပ်မှ နာမ် သို့၊ နာမ် မှရုပ် သို့ ပြောင်းလဲ၍သိပါရစေသား ။
နိဿယပစ္စယော = ရုပ်နာမ် နှစ်ပါးတို့၏ တည်ရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော = ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော = ရှေ့ကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။
အာသေဝနပစ္စယော = လိုရာဆန္ဒမရှိအောင်ပြည့်စုံရပါစေသား။
ကမ္မပစ္စယော = ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။
ဝိပါကပစ္စယော = ဝဋ် ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော = လိုရာကို ပြည့်စုံစွာထောက်ပံ့နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော = ရုပ်နာမ် ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော = သူတော်ကောင်းတရား ၇ ပါး နှင့် ဉာဏ်စဉ် ၅ ပါးတို့နှင့်ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော = ဘာဝနာ ၂ ပါးအပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား။
သမ္ပယုတ္တ ပစ္စယော = သူတော်ကောင်းတို့နှင့် ပေါင်း၍ ( ၇ ) ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပ္ပယုတ္တပစ္စယော = သူယုတ်မာ နှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား။
အတ္ထိပစ္စယော = သမုတိနယ်၏ အသိကို ဟုတ်မှန်စွာရပါစေသား။
နတ္ထိပစ္စယော = ပရမတ္တမရှိ တရား၏အသိကိုမျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော = ရှေ့၌ပွင့်ကုန်ပြီးသော ဘုရားတို့ကို ရှိခိုးရပါစေသား။
အဝိဂတပစ္စယော = ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား။

သဂါထာသုတ်-

သဂါထာသုတ်-

သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူစဉ်...
ရဟန်းတို့ သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်း ရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ လွန်ပြီး {အတိတ်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ။ ယုတ်ညံ့သော နှလုံးသွင်းရှိကုန် သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်း တည်း တသားတည်း ဖြစ်ကုန်ပြီ။

ရဟန်းတို့ နောင် {အနာဂတ်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့၊ ယုတ်ညံ့သော နှလုံးသွင်းရှိ ကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်း ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့။

ရဟန်းတို့ ယခု {ပစ္စုပ္ပန်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ ဥပမာသော်ကား ...
မစင်ကျင်ကြီးသည် မစင်ကျင်ကြီးနှင့် တပေါင်းတည်း တသားတည်းဖြစ်၏၊
ကျင်ငယ်သည် ကျင်ငယ်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
တံတွေးသည် တံတွေးနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ပြည်သည် ပြည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
သွေးသည် သွေးနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏။

ရဟန်းတို့ ဤအတူသာလျှင် သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့ သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

လွန်ပြီး {အတိတ်} အခါ၌လည်း။ပ။
နောင် {အနာဂတ်} အခါ၌လည်း။ပ။
ယခု {ပစ္စုပ္ပန်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိ ကုန်သော သူတို့ သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တ သားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ လွန်ပြီး {အတိတ်}အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ၊ ကောင်းသော နှလုံးသွင်းရှိကုန် သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်း တည်း တသားတည်း ဖြစ်ကုန်ပြီ။

ရဟန်းတို့ နောင် {အနာဂတ်}အခါ၌လည်း။ပ။

ရဟန်းတို့ ယခု {ပစ္စုပ္ပန်}အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ ဥပမာသော်ကား ...
နို့ရည်သည် နို့ရည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ဆီသည် ဆီနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ထောပတ်သည် ထောပတ်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ပျားရည်သည် ပျားရည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
တင်လဲသည် တင်လဲနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏။

ရဟန်းတို့ ဤအတူသာလျှင် သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့ သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့် အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊

လွန်ပြီး {အတိတ်}အခါ၌လည်း။
နောင် {အနာဂတ်} အခါ၌လည်း။
ယခု {ပစ္စုပ္ပန်}အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့ သည် ကောင်းသောနှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသား တည်း ဖြစ်ကုန်၏ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူပြီး၍ ထိုမှ နောက်၌
ဤဂါထာတို့ကို မိန့်တော်မူ၏-
{{ရဟန်းတို့ တဏှာဖြင့် ကပ်ငြိခြင်းကြောင့် ကိလေသာတောကြီးသည် ပေါက် ရောက် ဖြစ်ပေါ်လာ၏၊ မကပ်ငြိခြင်းကြောင့် ပြတ်၏။ မဟာသမုဒ္ဒရာ၌ သေးငယ် သော သစ်တုံးကို တက်စီးမိ၍ နစ်မြုပ်ရလေသကဲ့သို့ ဤအတူ ပျင်းရိသော သူကို အစွဲပြု၍ ကောင်းသော အသက်မွေးမှုရှိသော သူသော် မှလည်း နစ်မြုပ်ရ၏။ ထို့ကြောင့် ယုတ်ညံ့သော လုံ့လရှိသော ပျင်းရိသော ထိုသူကို ရှောင်ကြဉ်ရာ၏။

ဆိတ်ငြိမ်ရာသို့ ကပ်ကုန်သော, ဖြူစင်ကုန်သော, နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်သော, ဈာန်ဝင်စားလေ့ရှိကုန်သော, ထက်သန်သော လုံ့လရှိကုန်သော, ပညာရှိတို့နှင့်သာလျှင် အတူတကွ ပေါင်းဖော်နေထိုင်ရာ၏}} ဟု (မိန့်တော်မူ၏)။

၆ - သဂါထာသုတ်၊ ဒုတိယ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

ကျေးဇူးရှုင် လယ်တီဆရာတော်ဘုရားကြီး၏ အန္တရာယ်ကင်း ဂါထာတော်များ

၁။
ဗုဒ္ဓေါ စ မင်္ဂလော လောကေ ၊ ဒေ၀ဣန္ဒ ဗြဟ္မိဿရော ။
ဗုဒ္ဓံ သရဏ မာဂမ္မ ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ ။

၂။
ဓမ္မော စ မင်္ဂလော လောကေ ၊ သဗ္ဗပါပ ၀ိနာသကော ။
ဓမ္မံ သရဏ မာဂမ္မ ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ ။

၃။
သံဃော စ မင်္ဂလော လောကေ ၊ ဘယဝေရ ၀ိနောဒနော ။
သံဃံ သရဏ မာဂမ္မ ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ ။

၎။
ဧတံ ခေါ မင်္ဂလံ ခေမံ ၊ ဧတံ မင်္ဂလ မုတ္တမံ ။
ဧတံ မင်္ဂလ မာဂမ္မ ၊ သဗ္ဗပါပါ ပမုစ္စရေ ။

၅။
ဧတံ ခေါ သရဏံ ခေမံ ၊ ဧတံ သရဏ မုတ္တမံ ။
ဧတံ သရဏ မာဂမ္မ ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ ။

၆။
ဧတံ ခေါ ရတနံ ခေမံ ၊ ဧတံ ရတန မုတ္တမံ ။
ဧတံ ရတန မာဂမ္မ ၊ သဗ္ဗဒေါသာ ပမုစ္စရေ ။

( ၁ ) လောကေ-လောကသုံးခွင် ဘုံအပြင်၌။ ဗုဒ္ဓေါစ-မြတ်စွာဘုရားသည်သာလျှင်
။ မင်္ဂလော-သတ္တ၀ါအပေါင်းတို့တွင် အတုမရ အဘက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာတော်ကြီးအစစ် ဖြစ်တော်မူပါပေ၏။
ဒေ၀ဣန္ဒဗြဟ္မိဿရော-ဘုန်းတန်ခိုးဣဒ္ဒိပါဒ် လွန်ကြီးမြတ်သော နတ်အပေါင်း၊ သိကြားမင်းအပေါင်း၊ ဗြဟ္မာမင်း အပေါင်းတို့ကို အစိုးရတော်မူပါပေ၏။
ဗုဒ္ဓံ သရဏံ-ဘုရားတည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။
သဗ္ဗဒုက္ခာ သဗ္ဗဒုက္ခေဟိ-ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။

( ၂ ) လောကေ-လောကသုံးခွင် ဘုံအပြင်၌။ ဓမ္မောစ-မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်တရားတော်မြတ်သည် သာလျှင်။ မင်္ဂလော-တရားအပေါင်းတို့တွင် အတုမရ အဘက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာတော်ကြီးအစစ် ဖြစ်တော်မူပါပေ၏။
သဗ္ဗပါပ၀ိနာသကော-ဆိုးဝါးညစ်ညမ်း ကြမ်းတမ်းယုတ်မာ မကောင်းစွာသော မိစ္ဆာဓမ္မ ဟူသမျှတို့ကို မြူမျှမကျန် ပယ်လှန်ဖျက်ဆီးတော်မူနိုင်ပါပေ၏
ဓမ္မံ သရဏံ-တရားတည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။
သဗ္ဗဒုက္ခာ သဗ္ဗဒုက္ခေဟိ-ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။

( ၃ ) လောကေ-လောကသုံးခွင် ဘုံအပြင်၌။ သံဃောစ-မြတ်ဘုရား၏ တပည့်သားသံဃာတော်မြတ်သည် သာလျှင်။ မင်္ဂလော-တရားအပေါင်း အများတပည့်သားအစုတွင် အတုမရ အဘက်မရ လွန်မြတ်လှသော အနုတ္တရ မဟာမင်္ဂလာတော်ကြီးအစစ် ဖြစ်တော်မူပါပေ၏။
ဘယဝေရ၀ိနောဒနော-ခပ်သိမ်းသောဘေးရန်တို့ကို ပယ်လှန်ဖြေဖျောက်တော်မူနိုင်ပါပေ၏။
သံဃံ သရဏံ-သံဃာတည်းဟူသော ကိုးကွယ်ရာကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။
သဗ္ဗဒုက္ခာ သဗ္ဗဒုက္ခေဟိ-ခပ်သိမ်းသော ဒုက္ခအပေါင်းတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။

( ၄ ) ခေါ-စင်စစ်။ ဧတံ မင်္ဂလံ-ဤဘုရား တရား သံဃာ မင်္ဂလာသုံးပါးသည်သာလျှင်။ ခေမံ-ဘေးရန်ကင်းရာ မင်္ဂလာအစစ် အဖြစ်ကြီးဖြစ်တော်မူပါပေ၏။
ဧတံ မင်္ဂလံ-ဤဘုရား တရား သံဃာ မင်္ဂလာသုံးပါးသည်သာလျှင်။ ဥတ္တမံ-လောကအားလုံး၌ အမြတ်ဆုံးသော မင်္ဂလာတော်ကြီး ဖြစ်တော်မူပါပေ၏။
ဧတံ မင်္ဂလံ-ဤဘုရား တရား သံဃာ မင်္ဂလာကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။ သဗ္ဗပါပါ သဗ္ဗပါပေဟိ-ခပ်သိမ်းသော အယုတ်တမာ မိစ္ဆာဓမ္မ ဟူသမျှတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။

( ၅ ) ခေါ-စင်စစ်။ ဧတံ သရဏံ-ဤဘုရား တရား သံဃာ ကိုးကွယ်ရာသုံးပါးသည်သာလျှင်။ ခေမံ-ဘေးရန်ကင်းရာ ကိုးကွယ်ရာအစစ်ကြီး ဖြစ်တော်မူပါပေ၏။
ဧတံ သရဏံ-ဤဘုရား တရား သံဃာ ကိုးကွယ်ရာသုံးပါးသည်သာလျှင်။ ဥတ္တမံ-လောကအားလုံး၌ အမြတ်ဆုံးသော ကိုးကွယ်ရာကြီး ဖြစ်တော်မူပါပေ၏။
ဧတံ သရဏံ-ဤဘုရား တရား သံဃာ ကိုးကွယ်ရာသုံးပါးကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။ သဗ္ဗပါပါ သဗ္ဗပါပေဟိ-ခပ်သိမ်းသော အယုတ်တမာ မိစ္ဆာဓမ္မ ဟူသမျှတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။

( ၆ ) ခေါ-စင်စစ်။ ဧတံ ရတနံ-ဤဘုရား တရား သံဃာ ရတနာသုံးပါးသည်သာလျှင်။ ခေမံ-ဘေးရန်ကင်းရာ ရတနာအစစ် အဖြစ်ကြီးဖြစ်တော်မူပါပေ၏။
ဧတံ ရတနံ-ဤဘုရား တရား သံဃာ ရတနာသုံးပါးသည်သာလျှင်။ ဥတ္တမံ-လောကအားလုံး၌ အမြတ်ဆုံးသော ရတနာတော်ကြီး ဖြစ်တော်မူပါပေ၏။
ဧတံ ရတနံ-ဤဘုရား တရား သံဃာ ရတနာသုံးပါးကို။ အာဂမ္မ-ကိုးကွယ်သမှု အစွဲပြု၍။ သတ္တာ-လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့သည်။ သဗ္ဗပါပါ သဗ္ဗပါပေဟိ-ခပ်သိမ်းသော အယုတ်တမာ မိစ္ဆာဓမ္မ ဟူသမျှတို့မှ။ ပမုစ္စရေ ပမုစ္စန္တိ-ကင်းလွတ်ကြရကုန်၏။

မှတ်ချက်။
ဖော်ပြပါ အန္တရာယ်ကင်းဂါထာတော်များသည် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်ခဲ့သော ဓာတ်ကမ္မဋ္ဌာန်းကျမ်းသစ်-မှ နိဂုံးဂါထာဖြစ်ပါသည်။

တရားတော်များ နာယူနိုင်ရန်...

ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော် ဒေါက်တာကုမာရာဘိဝံသ ၂၅ရက်ကြာ ဟောကြားတော်မူသော မဟာသတိပဌာနသုတ် တရားတော်များကို တင်ဆက်ပူဇော်ပါသည်။

အခွေ(၂) မဟာသတိပဌာနသုတ်တော် တရားတော်များ

၁။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁)
၂။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂)
၃။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၃)
၎။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၄)
၅။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၅)
၆။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၆)
၇။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၇)
၈။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၈)
၉။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၉)
၁၀။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၀)
၁၁။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၁)
၁၂။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၂)
၁၃။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၃)
၁၄။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၄)
၁၅။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၅)
၁၆။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၆)
၁၇။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၇)
၁၈။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၈)
၁၉။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၁၉)
၂၀။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂၀)
၂၁။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂၁)
၂၂။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂၂)
၂၃။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂၃)
၂၄။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂၄)
၂၅။ မဟာသတိပဌာနသုတ်တော်-အပိုင်း(၂၅)


ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ (၁၅-၁၂-၀၉) မှ (၁၇-၁၂-၀၉) ထိ
ကျင်းပအပ်သော
( ၂၅-၃၅ )
လူလတ်တရားစခန်းတွင်
ဟောကြားတော်မူသော
ဘ၀စံအိမ်
တရားတော်များ



http://ifile.it/uvbwg50/BawaSanEain_01.mp3



http://ifile.it/502jvq1/BawaSanEain_02.mp3


http://ifile.it/q9dl7yu/BawaSanEain_03.mp3



http://ifile.it/jig69a7/BawaSanEain_0၄.mp3



http://ifile.it/u6ys1nf/BawaSanEain_0၅.mp3


http://ifile.it/3orknbq/BawaSanEain_0၆.mp3



http://ifile.it/9hs4guo/BawaSanEain_07.mp3



http://ifile.it/k8hxngr/BawaSanEain_08.mp3

Sunday, April 25, 2010

သားကောင်းမိခင် အစွမ်းထက်ဂါထာတော်


ဗောဓိရာဇကုမာရ မင်းသားကို ပဋိသန္ဓေရှိစဉ် ဗောဓိရာဇာကုမာရ မင်းသား၏ မိခင် ရွတ်ဘတ်သရဇ္ဈာယ်သော ပါဠိတော်

ယော မေ အယံ ဘန္တေ၊ ကုစ္ဆိဂတော ကုမရကော ၀ါ၊ ကုမာရိကာ ၀ါ၊ သော ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊
ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ ဥပါသကံ တံ ဘဂ၀ါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။

ဘန္တေ-အရှင်ဘုရား၊ မေ-တပည့်တော်၏၊ ကုစ္ဆိဂတော-၀မ်း၌တည်သော၊ ယော အယံ ကုမာရကော ၀ါ-အကြင်သတို့သားသည်၎င်း၊ ယာ အယံ ကုမာရိကာ ၀ါ-အကြင်သတို့သမီးသည်၎င်း၊ အတ္ထိ-ရှိ၏၊ သော-ထိုပဋိသန္ဓေသားသည်၊ ဘဂ၀န္တံ-မြတ်စွာဘုရားကို၊ သရဏံ-ကိုးကွယ်ဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ဓမ္မဉ္စ-တရားတော်မြတ်ကိုလည်း၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ဘိက္ခုသံဃဉ္စ-ရဟန်းသံဃာကိုလည်း၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။ ဘဂ၀ါ-မြတ်စွာဘုရားသည်။ တံ-ထိုပဋိသန္ဓေသားကို၊ အဇ္ဇတဂ္ဂေ-ယနေ့မှစ၍၊ ပါဏုပေတံ-အသက်ထက်ဆုံး၊ သရဏံ-ဆည်းကပ်ခြင်းသို့၊ ဂတံ-ရောက်သော၊ ဥပါသကံ-ရတနာသုံးပါး ဆည်းကပ်တတ်သူဟူ၍၊ ဓာရေတု-မှတ်တော်မူပါဘုရား။

( သားကောင်းမိခင် ဖြစ်လိုသော်)
ဂေါတမရှင်တော်မြတ်ဘုရား သက်တော်ထင်ရှားရှိစဉ် ဗောဓိရာဇကုမာရ မင်းသားသည် သရဏဂုံသုံးပါးကို ဆောက်တည်ခြင်းမရှိကြောင်း သတင်းဖြစ်ပွားသည်။ ထိုအခါ ဗောဓိရာဇကုမာရ မင်းသားက မိမိသရဏဂုံ ဆောက်တည်ပြီးဖြစ်၍ ထပ်မံဆောက်တည်ရန် မလိုကြောင်း မိမိ၏မိခင်သည် မိမိအား ပဋိသန္ဓေရှိနေစဉ်ကပင် အောက်ပါပါဠိတော်အတိုင်း မြတ်စွာဘုရားထံမှောက်နှင့် သာဝကသံဃာတော်များထံမှောက်သို့ သရဏဂုံ ဆောက်တည်ပေးခဲ့ကြောင်း ပြောကြားသည်။ ဤစကားသည် ဟုတ်မှန်ကြောင်းကို ရှင်တော်မြတ်ဘုရားက မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် ဗောဓိရာဇကုမာရ သုတ်တော်တွင် ဟောကြားတော်မူခဲ့သည်။ ဗောဓိရာဇကုမာရ မင်းသားသည်လည်း အန္တရာယ်ကင်းစွာဖြင့် အသက်တရာ့နှစ်ဆယ် ရှည်ခဲ့သည်။
(ဆဋ္ဌမူ စာမျက်နှာ ၂၇၇-ဗောဓိရာဇကုမာရသုတ် နံပါတ်-၅)

ခလုတ်မထိဆူးမငြိ ဂါထာတော်


ပါသာဏာ အက္ခရာစေ၀၊ ကထလာ ခါဏုကဏ္ဍကာ။
သဗ္ဗေ မဂ္ဂါ ၀ိဝဇ္ဇန္တိ၊ ဂစ္ဆန္တေ လောကနာယကေ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။

လောကာနာယကော-လောကထွတ်ထား မြတ်စွာဘုရားသည်။
ဂစ္ဆန္တေ-ထိုထိုဤဤ ဒေသစာရီ ကြွချီတော်မူလတ်သော်။
ပါသာဏာစေ၀-ကျောက်လွှာကျောက်ချပ်တို့သည်၎င်း။
သက္ခရာစ-ကျောက်စရစ်ခဲတို့သည်၎င်း။
ကထလာစ-အိုးခြမ်းကွဲ အိုးခြမ်းပဲ့ အစအနတို့သည်၎င်း။
ခါဏုကဏ္ဍကာစ- သစ်ငုတ် ဆူးငြောင့်တို့သည်၎င်း။
သဗ္ဗေ-အလုံးစုံသော ထိခိုက်ရှနာဖွယ် မှန်သမျှတို့သည်။
မဂ္ဂါ-ရှင်တော်ဘုရား ကြွလာရာလမ်းမှ။
ဝိ၀ဇ္ဇန္တိ-တိမ်းရှောင်ဖယ်ရှားကြလေကုန်၏။
ဧတေန သစ္စ၀ဇ္ဇေန-ဤမှန်ကန်သော သစ္စာစကားကြောင့်။
မေ-အကျွန်ုပ်၏။ ဂမနံ-သွားလာရခြင်းသည်။ သမိဇ္ဈတု-ပြည့်စုံပါစေသတည်း။

ဤဂါထာတော်အရ ဘုရားရှင်ကြွရာလမ်းမှ ကျောက်ချပ်၊ ကျောက်လွှာ၊ ကျောက်စရစ်၊ အိုးခြမ်း၊ ဆူးငြောင့်ခလုတ် စသည့် အနှောက်အယှက်ဟူသမျှတို့ ရှောင်ကွင်းသွားကြခြင်းသည် ဘုရားရှင်၏ ပါရမီတော်၊ ကံတော်တို့၏ အစွမ်းသတ္တိကြောင့် ဖြစ်သည်။ ယင်းသို့ဖြစ်သည်ကို နှုတ်မြွက်၍ သစ္စာပြုပါက မိမိသွားလေရာရာ၌ ခလုတ်မထိ ဆူးမငြိဘဲ လိုရာခရီး ချောမောစွာ ရောက်ရှိနိုင်သည်။
မိမိတို့ စားဝတ်နေရေးအတွက် အမြဲသွားလာ လှုပ်ရှားနေကြရာ၌ ခရီးစဉ် ချောမောအောင် အမြဲ ရွတ်ဖတ်ပူဇော်သင့်ကြသည်။

(ကျမ်းကိုး-ဗုဒ္ဓဘာသာလက်စွဲကျမ်း)

သစ္စာပန္နက် အောင်ရှစ်ချက် ဂါထာ


ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသီနံ၊ ဇယံ ဒေတု ဇယုတ္တရော။

ယော ဇယစက္ကော-ပါရမီတော်ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။
ဇယာသနေ-အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌။
ဇယိတဗ္ဗေ-အောင်အပ်သည့်တရား မာရ်ငါးပါး အပေါင်းတို့ကို။
ဇယန္တော-ပါရမီတော်စက် ဘုန်းလက်နက်ဖြင့် အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။

ဇယေသီနံ-မြတ်နိဗ္ဗာန်အောင်ခန်းနဲ့ အောင်ဘိသိက် ပန်းမဂ်ဖိုလ်ကို များထိုထိုဝဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာနေကြကုန်သော သူတို့အား။
ဇယာပေသိ-ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကိုဆွတ်ချူ၍ ထွတ်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ်တော် မူစေ၍ အောင်စေတော်မူလေပြီ။

ဇယုတ္တရော-အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး အောင်ပွဲဝင်ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော။
သော ဇယစက္ကော-ထိုအောင်စက်သခင် ဘုရားရှင်သည်။
မေ-အောင်ဆုလိုငြား တပည့်တော်အား။
ဇယံ-အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို။
ဒေတု-ကရာဏာရှေ့ထား၍ ပေးသနားတော်မူပါ့ အရှင်ဘုရား။

ဤဂါထာသည် ဇယ-အောင်ခြင်း-ဟု ရှစ်ကြိမ်တိတိ ပါ၍ အောင်ရှစ်ချက်ဂါထာ-ဟု အမည်တွင်သည်။ လူသားတို့သည် နေ့စဉ်နှင့်အမျှ စီးပွားရေး ကျန်းမာရေး ပညာရေး စသည့် လူမှုရေးရာ ကိစ္စအဖြာဖြာအတွက် သွာလာလှုပ်ရှားနေကြရသည်။ လှုပ်ရှားလုပ်ကိုင်ရသည့် ကိစ္စတိုင်းကိုလည်း အောင်မြင်လိုကြသည်။

ဤအောင်ရှစ်ချက် ဂါထာသည် ဘုရားရှင် ဗောဓိပင်နှင့် ရွှေပလ္လင်၌ အောင်သင့် အောင်ထိုက်သော အရာမှန်သမျှကို ကိုယ်တော်တိုင် အောင်မြင်၍ အောင်မြင်မှုကို ရယူလိုသူများကိုလည်း အောင်မြင်စေပုံကို ဖော်ညွှန်းထားသော ဂါထာဖြစ်သည်။ ယင်းဖော်ညွှန်းချက် အနက်အဓိပ္ပါယ်ကို အလေးအနက်အာရုံယူ၍ ဤဂါထာကို ရွတ်ဖတ်ပူဇော်လျှင် မိမိတို့ဆောင်ရွက်နေသော လူမှုကိစ္စအ၀၀ အောင်မြင်ရုံမျှမက ကိလေသာ တရား အားလုံးကိုပါ အောင်မြင်၍ မဂ်ဖိုလ်နိဗ္ဗာန်အထိ ဆိုက်ရောက်အောင်မြင်နိုင်သည်။

Monday, April 5, 2010

စိန္တာမဏိ မန္တန်ပါဠှိ

စိန္တာမဏိ မန္တန်ပါဠှိ

စိန္တာမဏိ ရတနာနိ ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ ။
ကရံ ကရတိ သရဏံ ၊ ခိပ္ပမေဝ သမိဇ္ဈတု ။

စိန္တာမဏိ ရတနာနိ ၊ ဓမ္မံ ဓမ္မ ရတနာနံ ။
ကရံ ကရတိ သရဏံ ၊ ခိပ္ပမေဝ သမိဇ္ဈတု ။

စိန္တာမဏိ ရတနာနိ ၊ သံဃံ သံဃရတနာနံ ။
ကရံ ကရတိ သရဏံ ၊ ခိပ္ပမေဝ သမိဇ္ဈတု ။

စိန္တာမဏိ ဂါထာတော် ရွတ်ဖတ်ရခြင်း အကျိုး

ဤ စိန္တာမဏိ ဂါထာတော် ကို ရွတ်ဆိုခြင်းဖြင့် အကြံ အစည် အောင်မြင်စေတတ်သည် ။ရာထူးဌာနန္တရရရှိစေတတ်သည် ။ လူ ၊ နတ် တို့ချစ်ခင် နှစ်သက်ခြင်း ခံရတတ်သည် ။ မိမိ တို့ ၏ ပစ္စည်းဘဏ္ဍာ၊ ရတနာ၊ ရွှေ ၊ ငွေ စသည်တို့ကို တစ်ပါးသူတို့ ခိုးဝှက် ယူငင်မရနိုင်ဘဲအကြိတ် အခဲ အမြဲတည်ရှိခြင်း ၊ လိုချင်တောင့်တ သော ပစ္စည်း များရရှိတတ်ခြင်း အကျိုးများကိုခံစားရရှိနိုင်ေ
လသည် ။