Sunday, February 14, 2010

beat မိဘ

မိဘဟူသည် လောက၏ အနစ်အနာခံခြင်းကို သရုပ်ဆောင်ရသော အထင်ရှားဆုံး ဇာတ်ကောင်မျိုး ဖြစ်သည်။ မုတ်ကောင်၌ဖြစ်သော ပုလဲမြတ်ရတနာကဲ့သို့ ရင်၌ဖြစ်သော သားသ္မီး ကို မြတ်နိုးသည်ဖြစ်၍ လည်းကောင်း‘ရတနာ’ ဟုအမှတ် ထားကြကုန်၏။

မြစ်ရေသည် အစုန်သာစီးမြဲဖြစ် သလို မိဘမေတ္တာသည် မိမိတို့မှဖြစ်သော သားသ္မီးတို့သာ စီးဆင်းမြဲဖြစ်လေ၏။ ရတနာ ရွှေတိုက်၌ အစောင့်ကျ တံခါးမှုးသည် မိမိတာဝန်ရှိသမျှ ကာလပတ်လုံး တာဝန်ကြီးစွာ ၊ ပင်ပန်းကြီးစွာ ၊ လုံးလကြီးစွာ၊ ကြောင့်ကြကြီးစွာ၊ နှလုံးကြီးစွာ၊ အဖျက်ရန်ဟူသမျှကို သက်စွန့်ဆံဖျား မနားမရပ် မပြတ်သောသတိနှင့် စောင့်ကြည့်၍သာ နေသကဲ့သို့ မိဘသည်လည်း လက်မလွှတ်သေးသော သားသမီးတို့အား နေ့မအားညမနား စိုးရိမ်စွာဖြင့် စောင့်ကြည့်လျက်သာ နေကြရကုန်၏။

ပန်းပင်သည် အပွင့်ကို ပွင့်သော်လည်း ကိုယ်ပန်ရန် မဟုတ်သကဲ့သို့ သစ်ပင်သည် အသီးကိုသီးသော်လည်း ကိုယ်စားရန် မဟုတ်သကဲ့သို့  မိဘသည် သားသမီးကိုမွေးမြူသော်လည်း ကိုယ်သုံးရန် မရထိုက်သော ပုထုဇဉ်မျိုးသာ ဖြစ်သတည်း။

မိဘသည် မြီးစားနှင့်လည်း တူလှပေ၏ သားသမီးတို့သည် မိဘထံမှ တစ်သက်လုံး ကြွေးဟောင်းများကို တောင်းဆိုလျက်သာ နေကြ၏။ ကြက် ၊၀က် တို့ကိုတစ်ပါးသူသို့ ရောင်းချခြင်းဖြင့် အရင်းကိုသာမက အကျိုးအမြတ်ကိုပါ ရရှိနိုင်ကုန်၏။ မိဘမှုကား သားသမီးတို့ကို တစ်ပါးသူသို့ ပေးလိုက်ရသောအခါ အကျိုးအမြတ်ကို မဆိုထားဘိ အရင်းအနှီးကိုပါ အိတ်စိတ်၍ ပေးကြရကုန်၏။ သားသမီး ဒါဇင်မကကို မွေး၍ ကျွေးရသော်လည်း မိဘသည် အပြုံးကို ပန်းပန်လျက်သာ နေ၏။

မိဘနှစ်ပါးကို ကျွေးရမှုကာ သားသမီးတစ်ဒါဇင်သည် နှံလုံးအခြင်းကို ကုသည်ပင်မပျောက်နိုင်တော့ချေ။



ဒါလေးက ဆရာ ဦးဆန်လွင် ရေးခဲ့ တဲ့ဒသ နလေးပါ...

No comments:

Post a Comment