Monday, February 15, 2010

အချစ်စစ်၏ အင်္ဂါများ (သို့မဟုတ်) ပြည့်စုံသောအချစ်၏အင်္ဂါများ

မေတ္တာ = မရောက်သေးသော ဒုက္ခများ မရောက်အောင် ကြိုတင် ဆောက်ရွက်ခြင်း။
ကရုဏာ = ရောက်နေသော ဒုက္ခများကို ပပျောက်အောင် ၀ိုင်းဝန်း ဆောင်ရွက်ခြင်း။
မုဒိတာ = အောင်မြင် ချမ်းသာ ပျော်ရွှင်သည်ကို တွေ့လျှင် ကြည်နူး ကျေနပ်ခြင်း။
ဥပေက္ခာ = မိမိကို ထိခိုက်စေသည့် ကိစ္စများကို အပြစ်မတင်ဘဲ ခွင့်လွှတ်ခြင်း။

မည်သည့်အချစ်မျိုးမဆို အထက်ပါ အင်္ဂါ(၄)ရပ်နှင့် ပြည့်စုံလျှင် အမှန်တကယ် ချစ်တာပါလို့ သတ်မှတ်ရပါမည်။ မဂ္ဂင်(၈)ပါး၊ (၂၄)ပစ္စည်း နှင့် သတိပဋ္ဌာန်(၄) ပါး ကျွမ်းကျင်မှသာ အထက်ပါ အင်္ဂါလေးရပ် ပြည့်စုံနိုင်ပါသည်။

လူသားအားလုံး အချစ်ရဲ့ အနှစ်သာရကို ခံစားနိုင်ကြပါစေ။
လူသားအားလုံး တကယ်ချစ်တတ်တဲ့သူတွေ ဖြစ်ကြပါစေ။
အချစ်ကြောင့် လောကကြီး သာယာလှပပါစေ။

ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏။ ။

No comments:

Post a Comment