Sunday, February 14, 2010

မိဘ

မိဘတိုင်းသည် မိမိတို.ရဲ. သားသမီး၏ အကျိုးကိုသာရှေ့ရှု၍ နေကြ၏ ။ ကိုယ့်သားသမီး ကောင်းစားတာကို မြင်တွေ. လိုကြ၏ ။ အောင်မြင်မှုကို တွေ.ရလျှင် ၀မ်းမြောက်ပီတိ ဖြစ်ကြ၏ ။ ဂုဏ်ယူကြ၏ ။ ၎င်းသားသမီး တို.မှ မိဘတို.ကို စိတ်ချမ်းသာအောင် အပြုသက်သေဖြင့်သော် လည်းကောင်း ၊ ပြန်လည်ကျွေးမွေးပြုစု၍ သော်လည်းကောင်း ၊ ကျေးဇူးဆပ်ကြ၏ ။ ၎င်းကျေးဇူး ဆပ်မှုကို ခံယူသောမိဘ ရှုထောင့်မှ ကြည့်ကြပါမည် ။ မိမိသားသမီးက ကောင်းစား၍ အောင်မြင်လျှင် စိတ်ချမ်းသာကြ၏ ။ တစ်ခုခု လက်ချော် ခြေချော် ဒုက္ခကြုံလျှင် စိတ်မချမ်းမြေ့မှု ကြုံကြ၏ ။ မိမိဥာဏ်ဖြင့် ထပ်ချဲ.တွေးကြည့်ပါ ။ ထိုကြောင့် ၎င်းကျေးဇူးဆပ်မှုကား ထာဝရ အေးချမ်း အေးမြသော ကျေးဇူးဆပ်ခြင်းဟု မခေါ်ဆိုထိုက်ပေ ။ မိမိဘက်မှလည်း လိုလိုလားလား မခံယူထိုက်ပေ ။ အဘယ်ကြောင့်ဆိုသော် တဏှာရောနေတဲ့ ခံယူချက် ၊ ခံယူမှုများကြောင့် ဤသို.သော ခိုင်မာသော အေးချမ်း ၊ အေးမြမှုကို မရရှိကြခြင်းဖြစ်ပါသည် ။



မိဘကို ပြည်တန်ပတ္တမြားတစ်လုံးဖြင့် ကန်တော့ပါတယ် ဆိုကြပါစို. ။ မိဘနှစ်ပါးက ဒီပြည်တန် ပတ္တမြားကို ကြည့်ပြီး လောဘဇောနဲ. အသေစောရသည်တော့ဖြင့် ဪ ခက်လှပေါ့ အပါယ်ဘုံဌာနေ ဟောင်းဆီသို. လို.ဆိုရပါမယ် ။ ဘာကြောင့်လည်း ဆိုတော့ ဘုရားရှင်က ဒီပုထုဇဉ်တွေဟာ လာတာလည်း ဒီအပါယ် ၊ သွားရမှာလည်း ဒီအပါယ် ပဲရှိပါတယ် လို.ဟောထား ပါတယ် ။

အခုဘ၀ သေတဲ့ အရိုး ၊ နောက်ဘ၀ သေမယ့် အရိုးကို ဘုရားဥာဏ်နှင့် စုပြီးတော့ ကြည့်တော့ ဘုရားတစ်ဆူနဲ. တစ်ဆူကြားမှာ တွေ.ကြုံရတဲ့ လူတစ်ယောက်ရဲ. အရိုးပုံဟာ ဝေပုံလတောင်လောက် ကြီးကျယ် မြင့်မား ပါတယ်တဲ့ ။ ဝေပုံလတောင်ဆိုတာ ၄၇ ရက်တက်ပြီး ၄ ရက်ဆင်းရတဲ့ တောင်အမြင့်ပါ ။ ဒါက ဘုရားတစ်ဆူနဲ. တစ်ဆူကြားပါ ။ ဘုရားဘယ်နှစ်ဆူ ပွင့်ခဲ့ကြပြီလဲ ။ ဒါကို အားလုံးအသိပါ ။ ဘုရားရှင်က လူတစ်ယောက်ရဲ. အစကိုရှာတာ မတွေ.ပါဘူးတဲ့ ။ လည်ရတဲ့ အကြောင်းအရင်းကိုသာ ရှာလို. တွေ.ပါတယ်တဲ့ ။ (ဒါက မိုးကုတ်ဆရာတော်ကြီးရဲ. တရားတော်တွေကို နားကြားပြီးမှ မှတ်ထားတာတွေပါ ၊ တစ်ဆင့် စကားပါ ၊ လုပ်ကြံပြောစကား မပါပါဘူး) ။ ဒီတော့ တို.အရိုးပုံတွေဟာ ဆိုရင်တော့ဖြင့် ဝေလတောင် ဘယ်နှစ်တောင်ရှိခဲ့ပြီလဲ ။ ဘယ်လောက်တောင် အိုနာ ၊ သေဘေး ဒု က္ခတွေနဲ. ကြုံခဲ့ရပြီးလဲဆိုတာကို (၁+၂=၃) ရတယ်ဆိုတဲ့ အသိဥာဏ်လေးနဲ. တွေးကြည့်ရင်တောင် မြင်နိုင်ပါတယ် ။ ဒီအရိုး ကြီးပွားရေး ဓာတ်ကို ခင်းတာ ဘယ်သူလဲလို. တရားခံရှာတော့ - အ၀ိဇ္ဇာ နဲ. တဏှာ ဆိုတာကို တွေ.ရတယ် ။ တရားခံ သတ်နည်း မသိရင် အရိုးတွေ ထပ်ပုံရမယ်နော် ။ အိုဘေး ၊ သေဘေး ၊ နာဘေး နဲ. ကြုံရပေအုံးမည် ။

နောက်တစ်ခု သိစေလိုသည်မှာ အာသ၀ချူပ်တယ်ဆိုတာက အကြောင်းချူပ် ၊ ဒီအကြောင်းချူပ်က ဘာအကျိုးရသလဲဆိုတော့ သုခနိဗ္ဗာန်ကို မျက်မှောက်ပြူရသောအကျိုး (၁) ၊ ယခုဘ၀မှာတင် ကိုယ်တိုင်မြင်ရတဲ့အကျိုး (၂) မျိုး ရှိပါတယ် ။ (အားလုံးက မိုးကုတ်ဆရာတော်ကြီးရဲ. တရားတွေက ကောက်နုတ်တင်ပြချက်ပါ ။) အောက်အ၀ီစီသို.တိုင်အောင် မြုပ်စေတဲ့အရာက ဒီ အာသ၀ (လောဘ ၊ ဒေါသ ၊ မောဟ) ။ ဘုရားရှင်က အာသ၀ရှိရင် အာသ၀ချူပ်တာရှိတာကွယ့်တဲ့ ။ ဘယ်လိုအကြံဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်က အာသ၀ချူပ်တာလဲဆိုတော့ ရှုသောပုဂ္ဂိုလ် ၊ ရှုတဲ့အခါမြင်သောတဲ့ ပုဂ္ဂိုလ်က အာသ၀ချူပ်တာကို သိနိုင်တယ်ကွယ့်တဲ့ ။ ဥပမာ- မြင်စိတ် ၊ အာရုံကိုလည်းမြင်တာ သူပဲ ၊ မမြင်တာလည်းသူပဲ ၊ မြင်တာ (ဖြစ်) - မမြင်တာ (မမြဲတာ) - ပျက် ၊ ဒီသဘောလေးပါပဲ ။ ဒီနှစ်ခုကိုသိရင် ရှုလဲရှု မြင်လဲမြင် ဖြစ်သွားပါပြီ ။



၁ နဲ. ၁ ကို ပေါင်းတာကို မသိတဲ့သူတွေက ပေါင်းရမယ့်အခိုက်ကြုံတော့ ဘယ်လိုပေါင်းရမယ်ဆိုတာကို သိပါ့မလား …။ မသိပါ ။ မသိတဲ့ အ၀ိဇ္ဇာ က ဒီလောက်ကို မသိတဲ့အကောင်ကြီး အသိနက်နက် ၊ မသိခက်ခက် လိုသာဆိုချင်ပါတော့တယ် ။ အသိနက်လာတော့ မသိလို.ခက်တာတွေ တွေ.ရပါတယ် ။ ဒီတော့သိရမှာက ပထမ အရေးကြီးပါတယ် ။ ၁ နဲ. ၁ ပေါင်းတာကို သိသလို - ဒီခန္ဓာ (မိမိခန္ဓာ) ဖြစ်ပျက် (ဒုက္ခသစ္စာ) သဘော အမြဲတမ်း အသုဘ သဘောတော့ ခန္ဓာမချူပ်ခင်လေးမှာ ဦးစွာပထမ ဥာဏ်ဦးပြီးတော့ သိအောင် ပထမ လုပ်ရပါ့မယ် ။ ပေါင်းရမယ့်အခိုက်ဆိုသလို သေရမယ့်အခိုက် (အဆိုးဆုံးသော ဝေဒနာပါပဲ) ကြုံတဲ့အခါ -ဒါဟာ ငါဝေဒနာကို မမြင်အောင် ၊ ဒါဟာ (ဒုက္ခ သစ္စာ) လို.မြင်တဲ့ အမြင်လေးနဲ. မျက်လုံးကလေး မှိတ်တက်အောင်တော့ အခြေခံ အရေးကြီးဆုံးပါပဲဗျာ ။ ဒုက္ခ သစ္စာလို. မှတ်ပြီး မျက်လုံးပိတ်ပြီးတော့ ဖွင့်လိုက်တဲ့မျက်လုံးကလည်း ဒုက္ခ သစ္စာအမှတ်နဲ. ပွင့်လာတဲ့မျက်လုံးပါပဲ ။ ဒီဘ၀ချူပ်တဲ့အခါ မိမိခန္ဓာကို ဒုက္ခ သစ္စာပါ အခုမှ အသုဘဖြစ်မှာ မဟုတ် ၊ ၀ိဥာဉ်ပဋိသန္ဓေစိတ် တည်ကတည်းကနေ အသုဘ အစဉ်အဆက် ကြောင်းကျိုးဆက်လာတာလို. သိတဲ့အမြင်နဲ. ဗြန်းကနဲ ချူပ်ငြိမ်းသွား (အသက်ထွက်သွား) - အပယ်ဘုံဆိုတဲ့ ကြေငြာ မ၀င်တော့ပါဘူး ။ စိတ်က အလင်းထက် မြန်ပါတယ် ။ အခုချူပ်သွားတဲ့ ၀ိဥာဉ်စိတ်ဟာ အခုချက်ချင်းကို ပဋိသန္ဓေယူသွားမှာပါ ။ ဒီနေရာမှာ အခြေခံ ပထမ အဆင့်လေးက (အပါယ်ဘုံ ကြေငြာ မ၀င်ရေး) အကြောင်းကိုသာ ဆွေးနွေး ပြောနေတယ် လို.မှာပါ ။ ၎င်းအထက်မှာ ဘာအဆင့်လဲ ဆိုတာကို (၁၅.၁၀.၆၂) ဟောကြားတဲ့ မိုးကုတ်ဆရာတော်ကြီး တရားကို နာယူဖတ်ရှု.ပါ ။

ဒီတော့ အခုပြောကြားချက်များသည် မမှန်တာ မပါပါဘူး ။ မတရားပြောတာ မပါပါဘူး ။ ဒီတော့ မှန်တာနဲ. ဟုတ်တာပြောပြီး တရားတဲ့ အရာဆိုတာ သစ္စာတရား ။ ဒီသစ္စာတရားကို ဖတ်ပြီး မိမိခန္ဓာကို ဥာဏ်လေးနဲ. ၁ မိနစ်သာရှုလိုက်ပါ ။ တည်မြဲနေတယ်ဆိုတဲ့ ဓာတ်ပုံရိုက်သလို ပြောတဲ့ ခန္ဓာ မဟုတ်ကြောင်း ဒီ ခန္ဓာက ပဲပြောပါလိမ့်မယ် ။ ဒီတစ်မိနစ် ကလေးက အာသ၀ ချူပ်သွားတဲ့ အခိုက်ကလေး တစ်မိနစ်ပါပဲ ။

No comments:

Post a Comment