1. သင်ဘာလုပ်နေသလဲဆိုတာ ကမ္ဘာကြီးကို ပြောပြပါ။
2. အုတ်ခဲတစ်ခဲမှာ ရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသောအုတ်ခဲကို အုတ်ခဲပီသတဲ့ အုတ်ခဲ၊ တနည်းအားဖြင့်
ဂုဏ်သိက္ခာရှိသော အုတ်ခဲ ဟု ဆိုနိုင်သည်။
ပျဉ်တစ်ချပ်မှာ ရှိသင့်သည့် အရည်အသွေးများနှင့် ပြည့်စုံသော ပျဉ်ချပ်သည် ဂုဏ်သိက္ခာရှိသော ပျဉ်ချပ်ပင်။
လူမှာဆိုလျှင်??။
ဂုဏ်သိက္ခာရှိသော လူဆိုသည်မှာ တည်ကြည်ခိုင်ခံ့သည့် ကိုယ်ပိုင်အရည်အသွေး တသမတ်တည်း ပေးနိုင်သူသာဖြစ်သည်။
3. မိမိကိုယ်ကိုလေးစားသူမှန်သမျှ ထိပ်တန်းရောက်အောင်ကြိုးစားမည်ဟူသော စိတ်မျိုး ရှိကြသည်။
4. လူငယ်ဘ၀မှာ အမှား၊ လူလတ်ဘဝမှာ စွန့်စားရုန်းကန်မှု၊ လူအိုဘဝမှာ နောင်တ။
5. လူငယ်ဘဝတွင် ပြုပြင်စီမံခဲ့ရသမျှ အိုမင်းချိန်အတွက် ကောင်းကျိုး ဆိုးကျိုးသာ ဖြစ်ရချေသည်။
6. အသက်(၄၀)အရွယ်သည် လူငယ်တစ်ဦး၏ အိုမင်းချိန်။ အသက်(၅၀)အရွယ်သည် လူအိုတစ်ဦး၏ နုပျိုချိန်ဖြစ်သည်။
7. လူငယ်တို့၏အားသည် ပျိုရွယ်မှု၊ လူအိုတို့၏အားသည် ရင့်ကျက်မှု။
8. အချို့သည် ဘဝတွင် ကြီးကျယ်ခမ်းနားစွာ မွေးဖွားလာကြသည်။ သို့သော် သူတို့၏ ကြီးကျယ်မှုကို မမက်မော မခုံမင်ကြချေ။ တကယ်ဆိုတော့ သူတို့သည် သူတို့ကိုယ်သူတို့ ရာဇဝင်တွင်အောင် လုပ်သွားသူများသာ ဖြစ်ကြသည်။
9. သင့်မှာ မွေးသည်မှ သေသည်အထိ နေသွားရမည့် တိုတောင်းသော ဘဝလေးတစ်ခု ရှိသည်။ ထိုဘဝသည် အညံ့စား ပန်းချီဆရာ၏ ပန်းချီကားတစ်ချပ်လို မထင်မရှားလည်း ပျောက်ကွယ်သွားနိုင်၏။ ဒါဗင်ချီ၏ မိုနာလီဇာပန်းချီကား၊ ရိုဒင်၏ တွေးတောသူ ပန်းပုရုပ်များကဲ့သို့လည်း ကြီးကျယ်သွားနိုင်ပါ၏။
10. နပိုလီယန်က မဖြစ်နိုင်ဆိုသားစကား ငါ့အဘိဓာန်တွင်မရှိ ဟု ဆိုခဲ့သည်။ လောက၌ မဖြစ်နိုင်သောအရာတွေလည်း ရှိမှာ မုချဖြစ်သည်။ သို့သော် ဖြစ်နိုင်ပါ့မလား ဟူသော အတွေးမျိုး ခေါင်းထဲ အဝင်မခံသော သူအတွက်မူ မဖြစ်နိုင်ဟူသောအရာတွေသည် အခြားသူများထက်တော့ နည်းပါးနေမည်မှာ သေချာသည်။
11. လူဦးရေ ၅၄ သန်းရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ D.Sc ဘွဲ့ရ ပညာတတ် တစ်ယောက်မှမရှိသေးဘူး။ လူတွေကျောင်းမနေရ၊ အလုပ်အကိုင်မရကြတော့ သူခိုး သူဝှက်ဖြစ်သူဖြစ်၊ လူဆိုးလူမိုက် ဖြစ်သူဖြစ်နဲ့ တိုင်းပြည်ကို နှောက်ယှက်ဖျက်ဆီးကြတယ်။ ကျွန်တော်တို့နိုင်ငံကြီးကို ဒီလိုနဲ့တော့ အပျက်မခံနိုင်ဘူး။ ကျွန်တော်တို့ ဘယ်သွားရမလဲ၊ ဘာလုပ်ရမလဲ၊၊ မဖြစ်မနေသွားမယ်၊ လုပ်ရမယ်၊ ကျနော်တို့ ကြိုးစားရမယ်။
12. တိုက်ရမည်လား ဆုတ်ရမည်လား မကွဲပြားသည့်အခါတိုင်း ကျွန်ုပ် တိုက်ရန် ဆုံးဖြတ်မည်။
13. ပစ်မည်ဆိုလျှင် အဆီကို နှမြောမနေနှင့်၊ စားမည်ဆိုလည်း သဲကြောက်မနေနှင့်။
14. မပြတ်သားသောသူသည် ခေါင်းဆောင်မဖြစ်နိုင်။
15. မနေ့ကငါထက် ဒီနေ့ငါက ပိုသာရမည်။
16. လူအများစုတို့သည် မိမိတို့မှာရှိသည့် တီထွင်ကြံဆမှုစွမ်းရည်နှင့် အလုပ်လုပ်မှုစွမ်းရည်တို့၏ ဆယ်ပုံတစ်ပုံမျှကိုသာ အသုံးပြုနေကြသည်။ အကယ်၍ မိမိ စွမ်းအားရှိသမျှသာ ပြည့်ပြည့်ဝဝ အသုံးချမည်ဆိုက မိမိ၏ စွမ်းဆောင်မှုများအတွက် မိမိကိုယ်တိုင်ပင် အံ့အားသင့်ရလိမ့်မည်။
17. အတော်ဆုံး လူများထံ အကြီးမားဆုံး ပြဿနာများ ရောက်ရှိလာစမြဲဖြစ်သည်။
18. "အကယ်၍…..ခဲ့လျှင်” ဆိုတာမျိုးမတွေးနှင့်။
"အဲ့ဒါသာ ငါမလုပ်ခဲ့မိလျှင်”၊ "ဒီကိစ္စကြီးသာ ငါ့မှာမဖြစ်ခဲ့လျှင်”၊ ”ငါသာ……လို ကံကောင်းခဲ့လျှင်” စသည့် အကျိုးမရှိ၊ အကြောင်းမထူးသည့် အတွေးများဖြင့် အချိန်ကုန်မခံနှင့်။
"ဘယ်လို” လုပ်မလဲဆိုတာကိုပဲ စဉ်းစားပါ။
19. အိပ်တယ်ဆိုတာ မူးရစ်ဆေးဝါး သုံးစွဲသလိုပဲ၊ များများအိပ်လေ ပိုပြီးအိပ်ချင်လေပဲ။ အိပ်တဲ့အတွက် အချိန်ကုန်တယ်၊ ခွန်အားယုတ်လျော့တယ်၊ အခွင့်အရေးတွေ ဆုံးရှုံးတယ်။
20. စာမဖတ်သူ အကန်းနှင့်တူ၊ စာမဖတ်က လူ့ဗာလ။
21. လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို သိလိုလျှင် စာတတ်မတတ်ကိုကြည့်။
22. စာအုပ်တွေနှင့် ပြည့်နေသောအိမ်သည် ပန်းပေါင်ဝေစာနေသော ဥယျာဉ်ကြီးနှင့် တူသည်။
23. ပညာရေးဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို မရမနေ တည်ဆောက်ရမည်။
24. စာဖတ်ခြင်းသာလျှင် ဘဝတိုးတက်ရေးအတွက် နည်းလမ်းကောင်းဖြစ်သည်။
25. မိန်းမဟာ ဆေးလိပ်ထက် ကျုပ်တို့အတွက် သစ္စာရှိတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမဟာ ဘယ်အခြေအနေရောက်ရောက် မိန်းမပါပဲ။ ဒါပေမယ့် ဆေးလိပ်ကတော့ နောက်ဆုံးမှာ အန္တရာယ်ဘဝသို့ ပြောင်းသွားတယ်။
26. ပုခက်လွှဲသောလက်များသည် ကမ္ဘာကို စိုးပိုင်ထားနိုင်၏။
27. မိန်းမများသည် ယောင်္ကျားတို့ထက် မှတ်ဥာဏ်ကောင်း၏။ အဘယ်ကြောင့်ဆိုသော် သူတို့်သည် နည်းနည်းသိ၍ များများနားလည်သောကြောင့် ဖြစ်၏။
28. က္ကတ္ထိယ မိန်းမဓာတ်သည် ကျွန်ုပ်တို့အား ရှေ့သို့ တွန်းတင်ပေးနိုင်၏။
29. ယောင်္ကျားမှာ အတွေး၊ မိန်းမမှာ အမြင်။
30. လူတို့သည် တစ်ခါတစ်ရံ ကလေးများနှင့် တူကြသည်။ မည်မျှပညာတက်တက်၊ မည်မျှ အသက်ကြီးကြီး ကလေးအတွေးမျိုး တွေးကြသည်။ ကလေးသည် မိမိလက်က ကစားစရာကို ကောင်းသည်မထင်။ အခြားကလေးလက်က ကစားစရာကိုမှ အကောင်းထင်သည်။ လိုချင်သည်။ မိမိလက်ငင်းရယူနိုင်သော အရာကို အကောင်းမမြင်။ အဆိုးများ၊ အပျက်များ၊ ချွတ်ယွင်းချက်များကိုသာ မြင်ကြ၏။ သူတပါး၏ အနေအထားကို အကောင်းတွေချည်း၊ အနှစ်သာရတွေချည်းဟု မြင်ကြ၏။
31. တစ်ဦးတစ်ယောက်အတွက် မရည်ရွယ်ဘဲ ပြုလုပ်သောအလုပ်သည် လူသားအားလုံးအတွက် မြင့်မြတ်သော အလှူဒါန မျိုးပင်ဖြစ်သည်။
32. ကမ္ဘာကြီးတစ်ခုလုံး ရေတွေ ပြည့်နေသော်လည်း သောက်သုံးရန် ရေတစ်ပေါက်က ရှားလွန်းလှသည်။
Thanks for reposting my quotes on your blog. It's not a problem by reposting . However, you have to follow the instruction that is written at the bottom of the posts to refer to the original link.
ReplyDeleteIt costs you nothing.
Hope you will cooperate.
Slip
http://www.meepyatite.info/2009/09/blog-post.html