Thursday, February 18, 2010

မနေအပ်သောအရပ်

မြတ်နိုးသူ ချစ်ခင်သူ
မရှိမှု ထိုအရပ်။
တစ်ရက်ပင် အခြေချလို့
လုံးဝ မနေအပ်။

ချစ်ကျွမ်းသူ မိတ်ဆွေ
မရှိပေ ထိုအရပ်။
တစ်ရက်ပင် အခြေချလို့
လုံးဝ မနေအပ်။

ပညာတတ် မြတ်ဆရာ
မရှိပါ ထိုအရပ်။
တစ်ရက်ပင် အခြေချလို့
လုံးဝ မနေအပ်။

No comments:

Post a Comment