ငှက်တွေ လည်း ပျံသန်းရင် သေရသလို လူတွေလည်း တွေးတောစဉ်းစားရင် သေဆုံး ရတာပဲ မလား...လူ တစ်ယောက်မှာ လည်း အမှား မကင်း သလို အမြဲတမ်း မှန်နေဖို့ ဆိုတာလည်း ခတ်သားနော်....ဒါပေမဲ့ လူဘဝ ဟာ တိုတောင်နေပေမဲ့ ပျော် ရွှင် ရတဲ့ အချိန်လေး တွေ ကို ပြန်တွက်စစ်လိုက်တော့ နည်းတယ်လို့ မထင်ဘူးလား....အားလုံး နည်းပါဟာ ပျော်ရာမှာမနေရ တော်ရာမှာပဲ နေနေရတဲ့ လူတွေ က အများ သား မဟုတ်လား......အမြဲတမ်း ပျော်ရွှင်နေဖို့ ဆိုတာလည်း အခတ်သား....လပြည့် ည ဆိုတာ လည်း အမြဲတမ်းမရှိသလို၊လကွယ် ည ဆိုတာလည်း အမြဲတမ်း မရှိပါဘူး....လူ တစ်ယောက်မှာလည်း သူ့ရဲ့  ရှေးက ပြုခဲ့ဘူး တဲ့ ကုသိုလ်၊အကုသိုလ် ကံ ကံ၏ အကျိုးလည်း ခံစားရမှာပါပဲလေ......လူ တစ်ယောက် ကံဇာတာ ဟာ လည်း တမျိုးပဲနော်...ကံကောင်းလာ ပြီ ဆိုရင် ဘယ်လို မှ လိုက်လို့ မမှီတော့ဘူး....အင်း သူ့ ရဲ့  ကံ ဆိုးတဲ့ အချိန်ရောက်ရင် လည်း ဘာပဲ လုပ်လုပ် လုပ်သမျှ အရာ အားလုံး လွှဲမှားနေတတ်တယ်....ပျော်ရွှင်နေတဲ့ အချိန်မှာ အရာအားလုံး ကို ခဏ မေ့နေသလို ဝမ်းနည်း စိတ်ညစ်လာတဲ့အချိန်မှာ သင် ဘာလုပ်မလဲ.......ပိုနေရင် လည်း မသိသာဘူး ဆိုပေမဲ့ လိုအပ်နေတဲ့ အချိန်မှာ ရော သင် ဘာလုပ်မလဲ......လူရယ်လို့ ဖြစ်လာ ခဲ့ရင်လည်း တစ်ယောက်တည်း နေလို့ ရတဲ့ သတ္တဝါ မဟုတ်ပါဘူး....သင့်ရဲ့  ကံဇာတာ ဟာ ဘာပဲ လုပ်လုပ်လို့ အဆင်မပြေမှု့တွေ များလာခဲ့ အချိန်ရောက်နေရင် ..............................
၁၊ ဘာလုပ်သင့်သလဲ.....
၂၊ အခု လက်ရှိလုပ်နေတဲ့ အလုပ်ကိုရော ဆက်လုပ်မှာပဲလား......
၃၊ ဒါမှမဟုတ် နားလိုက်မှာလား......
၎၊ တစ်ယောက်ယောက်နဲ့ တိုင်ပင် သင့်သလား၊မသင့်ဘူးလား....
၅၊ ကိုယ့် စိတ်ကူးနဲ့ ကိုယ် ဘယ်ရောက်ရောက် ဘာဖြစ်ဖြစ် လုပ်သင့် သလား၊မလုပ်သင့်ဘူးလား.....
၆၊ ဘာမှလုပ်ဖို့ မစဉ်းစားတော့ပဲ အရာရာ ကို အရှုံးပေးပြီး ထိုင်နေမဲ့ အစား တစ်ယောက်ယောက်နဲ့ တိုင်ပင် ပြီး အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သင့်သလား၊မသင့်ဘူးလား....
***ကျွန်တော် လည်း စဉ်းစားနေတာကြာပြီဗျာ...ဘာလုပ်ရမှန်း မသိလို့...ကျွန်တော် က ညံ့ကို ညံ့ပါတယ်ဗျာ...ကူညီပြီး ထင်မြင်ချက်လေးတွေ အားမနား လျှာမကျိုး အားရပါရ ရှု့ ထောင့်အမျိုးမျိုး ကနေ ခံစား နားလည်းရင် ဝေဖန်ပေးကြပါ..အင်း ဒါပေမဲ့ ကိုယ့်ကိုယ်တိုင် ကြုံခဲ့တဲ့ အခါမှာရော ဘာလုပ်သင့်သလဲ***
စိတ်ကို ဘာမှမတွေးတောပဲ 15 မိနစ်လောက်မျက်စိမှိတ်ပြီငြိမ်သက်စွာထိုင်နေကြည့်လိုက်ပါ။
အကောင်းဆုံးအဖြေတစ်ခုထွက်လာလိမ့်မယ်။
မယုံမရှိနဲ့နော် လုပ်ကြည့်ပါ။
ဒီလိုမျိုးတွေကြည့်ပြီးရယ်ရင်လဲ စိတ်ညစ်ပြေတယ် ။
No comments:
Post a Comment