တကယ်စစ်မှန်တဲ့မေတ္တာမှာ အကြောင်းပြချက်၊ တောင်းဆိုချက် မရှိဘူး။
(ဦးဇောတိက၊မေတ္တာတရား၊ ဒု-ကြိမ်၊နှာ-၄၆)
အချစ်ဆိုတာ ယုယကြင်နာခြင်း၊ သူ့ရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးခြင်း၊ အဲဒီလို ဖြည့်ဆည်းပေးရခြင်း အပေါ်မှာ သာယာကြည်နူးခြင်း။
(ဂျူး၊ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ၊နှာ-၁၅၅)
ကိုယ့်ကို မှီခိုနေအောာင်လုပ်တာဟာ သူ့ကိုချစ်တာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ချစ်တာ။
(ဦးဇောတိက)
သူများရဲ့ လိုအင်ဆန္ဒကို လိုက်လျောလိုက်ရတာဟာ ကိုယ့်မှာဆုံးရှုံးသွားတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ မေတ္တာ၊စေတနာ၊ဂရုဏာ၊သဘောထားကြီးမှု၊မြင့်မြတ်မှုတွေကို အကောင်မထည်ဖော်လိုက်ရတာ။ သိပ်ကျေနပ်စရာပါ။
( )
ကိုယ့်ကို ချစ်တဲ့သူကို ခွဲနိုင်ပေမယ့် ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ခွဲသွားရင် ခံနိုင်ဖို့ခက်တယ်။
(နေတိုးရဲ့သူငယ်ချင်း၊ စိတ်ဓာတ်)
မိန်းကလေးတွေအပေါ်မှာ ထားတဲ့ သံယောဇဉ်ဟာ ပူလောင်ခြင်း။
(မင်းမော်ကွန်း၊ စနေမောင်မောင်)
မိန်းမတစ်ယောက်ရဲ့ အကြင်နာစိတ်ဟာ တစ်ခါတစ်ခါ သိပ်အံ့ဩဖို့ကောင်းတယ်။ အဲဒီ အကြင်နာကို ယောက်ျားတွေ တန်ဖိုးထားတတ်ဖို့လိုတယ်။
(ဂျူး၊ပင်လယ်နဲ့တူသော မိန်းမများ)
ကိုယ့်ကိုယ်ကို မေတ္တာထားတတ်ခြင်းဟာ အကြီးမြတ်ဆုံး မေတ္တာပါ။
(၀ှစ်တနေ ဟောက်စတန်၊သင့်ဘ၀၊မေ၊၂၀၀၀၊နှာ-၁၀၀)
မလိမ္ဘူးတဲ့ သားသမီး၊ အလိမ္မခံရဘူးတဲ့ မိဘ မရွိဘူး။ ခွင့်လွှတ်တာ၊ ခွင့်မလွှတ်တာပဲ ကွာတယ်။
(စိုးမိုးကြည်၊နှလုံးသားထဲကရဲတိုက်)
ငါ့ကို ပြန်ချစ်မှာလား ဆိုတဲ့ မျှော်လင့်ချက်နဲ့တော့ မလွယ်ဘူး၊ လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိလိုတယ်။
(ဦးဇောတိက)
သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကို ပေးလိုက်တာပါ။ ကိုယ့်ဘ၀ထဲမှာ သူ့ကို နေရာပေးလိုက်တာပဲ။
(ဦးဇောတိက၊ စာစဉ်-၁၂၊ နှာ-၁၃၃)
သူ့ကြောင့် ကိုယ့်မှာ နစ်နာသွားတဲ့အခါ သည်းခံဖို့ထက် ခွင့်လွှတ်တတ်ဖို့လိုတယ်။
(အောင်စိုးမိုး)
ကိုယ်ဟာ သူများရဲ့ အဖြည့်ခံ မဟုတ်ပါ။ ကိုယ့်စိတ်ဓာတ်ကို လွတ်လပ်အောင် ကြိုးစားသူသာ ဖြစ်တယ်။
(အောင်စိုးမိုး)
တစ်ကြိမ်တစ်ခါ မိုက်မှားမိ၍ အပျိုဘ၀ ဆုံးရှုံးခဲ့ရသော မိန်းကလေးအား အပြစ်နှင့်မလိုက်အောင် ခါးခါးသီးသီး ရှုတ်ချပါက မတရား ဒါဏ်ခတ်ခြင်းမျိုးဖြစ်၍ မိမိ၏ ကြင်နာစိတ်ကင်းမဲ့မှုကို ပြရာရောက်၏။
(ဦးအေးမောင်၊စိတ်ပညာနှင့်ကိုယ်ကျင့်တရား၊နှာ-၁၄၈)
No comments:
Post a Comment