Sunday, February 14, 2010

မိဘ၏ကိုယ်ရည်ကိုယ်သွေးနှင့် သားသမီး

ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့သူဟာ အိမ်ထောင်ကျရင်လည်း အိမထောင်ဖက်အပေါ်မှာ သဘောထားမှန်တယ်။ လွတ်လပ်ခွင့်ပေးတယ်။ လေးစားမှုရှိတယ်။ စစ်မှန်ပြီး ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးရှိတယ်။ အိမ်ထောင်ဖက် နှစ်ယောက်လုံး ကိုယ်ရည်ကိုယ်သွေး ကောင်းရင်တော့ အင်မတန်သာယာတဲ့ အိမ်ထောင်ရေးဖြစ်ပြီး တစ်ဦးကိုတစ်ဦး အပြန်အလှန် အကျိုးပြုမယ်။


သားသမီးရလာတဲ့ အခါလည်း သားသမီးအပေါ်မှာ မှန်ကန်တဲ့စိတ်နဲ့ ချစ်တတ်တယ်။ သားသမီးရဲ့ အရည်အချင်းတွေအမြင့်မားဆုံးထွက်အောင် အထောက်အကူပေးနိုင်တယ်။


မိဘတွေရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ သားသမီးတွေအပေါ်မှာ အကျိုးသက်ရောက်မှု အများကြီးရှိတယ်။ ဘယ်လိုအရည်အသွေးရှိတဲ့ သားသမီးတွေဖြစ်လာမလဲဆိုတာ မိဘတွေရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ်မှာ အများကြီးမူတည်နေတယ်။ မွေးလာကတည်းက အတူနေပြီး နေ့တိုင်းမြင်တွေ့နေတာဆိုတော့ မိဘတွေရဲ့ ကိုယ်ရည်ကိုယ်သွေးအကောင်းအဆိုးဟာ သားသမီးအပေါ် အလိုအလျောက် ကူးစက်ပြီးသားဖြစ်နေတယ်။


ဒါကြောင့် ကိုယ်ကိုယ်တိုင်က ကိုယ်ရည်ကိုယ်သွေးပြည့်ဝတဲ့သူဖြစ်ပြီး ကိုယ့်မျိုးဆက်ဖြစ်တဲ့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့သူတွေ ဖြစ်လာဖို့ အမှတ်တမဲ့ သဘောမထားပဲ ကိုယ့်ကိုယ်ကို လေးလေးနက်နက် တည်ဆောက်ယူသင့်တယ်။ မိဘတွေဟာ သားသမီးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးအတွက် လက်ဦးဆရာပဲ ဖြစ်သင့်တယ်။

ဆရာတော်ဦးဇောတိက

(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် သတိဖြင့်နေထိုင်ခြင်း တရားစာအုပ်မှ)

ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏။ ။

No comments:

Post a Comment