Thursday, February 18, 2010

သည်းမခံခြင်း၏ အပြစ်တို့သည်

ရဟန်းတို့ သည်းမခံခြင်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

သည်းခံခြင်း၏ အကျိုးတို့သည်လည်း ၅-မျိုးရှိပေသည်-

ဒုတိယ အက္ခန္ထိသုတ်

၁။ လူအများသည် မချစ်မနှစ်သက်။
၂။ ကြမ်းကြုတ်၏။
၃။ နှလုံး မသာယာ။
၎။ တွေဝေလျက် သေရ၏။
၅။ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌
---ချမ်းသာကင်းသော ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ သည်းမခံခြင်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
- - -
သည်းခံခြင်း၏ အကျိုးတို့သည်လည်း ၅-မျိုးရှိပေသည်-

အဘယ် ၅-မျိုးတို့နည်းဟူမူ-

၁။ လူအများသည် ချစ်နှစ်သက်၏။
၂။ မကြမ်းကြုတ်။
၃။ နှလုံး မသာမယာမဖြစ်။
၎။ မတွေဝေဘဲ သေရ၏။
၅။ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌
---ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရ၏။

ရဟန်းတို့ သည်းခံခြင်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု မိန့်တော်မူ၏။

ဒုတိယ အက္ခန္ထိသုတ်။

No comments:

Post a Comment