ဓမ္မပဒ (၆ဝ) - လူမိုက်သံသရာ
Long is the night to one who is wakeful;
Long is (the journey of) one yojana to the traveler who is tired;
Long is samsara (round of rebirth) to the fool who is ignorant of the true Dhamma (the teaching of the Dhamma).
Verse 60
အိပ်မပျော်သူအတွက် ညတာရှည်သကဲ့သို့ ထင်ရ၏။
ခရီးပန်းလာသူအတွက် တစ်ယူဇနာ ခရီးသည် ရှည်လျား၏။
သူတော်ကောင်းတရားကို မသိနားမလည်ကြသော လူမိုက်များအတွက် သံသရာသည် အလွန် ရှည်လျားနေရတော့သည်။
ဓမ္မပဒ (၆ဝ) အညတရ ပုရိသာ ဝတ္ထု
ဓမ္မပဒ (၆၁) သီလ၊ သမာဓိ၊ ပညာသည် တရားကျင့်ရန် အဖော်
If a person seeking a companion cannot find one who is better than or equal to him, let him resolutely go on alone; there can be no companionship with a fool.
Verse 61
တရားနာကျင့်ရန် အဖော်ရှာသူသည် မိမိထက် သီလ၊ သမာဓိ၊ ပညာဂုဏ်ဖြင့် သာလွန်သူနှင့် ဂုဏ်ရည်တူမျှ သူကိုမှ မရခဲ့လျှင် ခိုင်မြဲစွာ တယောက်တည်း ကျင့်ရာ၏။ လူမိုက်မှာ မှီခိုအားထားစရာ သီလ၊ သမာဓိ၊ ပညာ စသောဂုဏ် မရှိသည့်အတွက် ဖြစ်သည်။
ဓမ္မပဒ (၆၁) မဟာကဿပတ္ထေရ သိဒ္ဓိ ဝိဟာရိက ဝတ္ထု
ဓမ္မပဒ (၆၂) - အနိစ္စ သဘောကို သိလျှင် အို-နာ-သေဘေး ကြုံရသည့်တိုင် ပင်ပန်းဆင်းရဲခြင်း မဖြစ်
“I have sons, I have wealth”; with this (feeling of attachment) the fools is afflicted.
Indeed, he himself is not his own, how can sons and wealth be this?
Verse 62
“ငါ့မှာ သားသမီးတွေ ရှိနေ၏။ ပစ္စည်းဥစ္စာတွေ ရှိနေ၏ ”ဟု ယူဆကာ အနိစ္စ- မမြဲခြင်းသဘောကို သတိမမူသော လူမိုက်သည် လွန်စွာ ပင်ပန်းဆင်းရဲရ၏။ ထိုသို့ ပင်ပန်းဆင်းရဲရသော်လည်း အို-နာ-သေဘေးနှင့် ကြုံရသည့်အခါ မိမိပင်ဖြစ်သော်လည်း မိမိအတွက် အားထားရာ မဖြစ်နိုင်။ သားသမီး၊ ပစ္စည်းဥစ္စာ ရတနာတို့သည် အဘယ်မှာ အားထားရာ ဖြစ်နိုင်ပါမည်နည်း။
ဓမ္မပဒ (၆၂) အာနန္ဒသေဋ္ဌိ ဝတ္ထု
……
ဓမ္မပဒ (၆၃) - လူမိုက် နှစ်မျိုး
The fool who knows that he is a fool can for that reason be a wise man; but the fool who thinks that he is wise is, indeed, called a fool.
Verse 63
လူမိုက်ဖြစ်စေကာမူ မိမိမိုက်ကြောင်း သိသူသည် ယင်းသို့အဖြစ်မှန်ကို သိခြင်းကြောင့် ပညာရှိနှင့်တူသူ ဖြစ်နိုင်၏။ လူမိုက်ဖြစ်လျက် မိမိကိုယ်မိမိ ပညာရှိ ထင်နေသူကိုမူ မိမိမိုက်ကြောင်း နားမလည်သောကြောင့် တကယ့် ပညာမဲ့ လူမိုက်ဟု ဆိုသင့်၏။
ဓမ္မပဒ (၆၃) ဂဏ္ဌိဘေဒက စောရ ဝတ္ထု
ဓမ္မပဒ (၆၄) - တရားဓမ္မကို မသိသေးသရွေ့ လူမိုက်ဖြစ်နေရဦးမည်
A fool, even though he is associated with a wise man all life, does not understand the Dhamma, just as a ladle does not know the taste of soup.
Verse 64
ဟင်းမွှေယောက်မသည် ဟင်း၏အရသာကို မသိနိုင်သကဲ့သို့ လူမိုက်သည်လည်း အသက်ရှည်သမျှ ပညာရှိကို ဆည်းကပ် နေထိုင်ရသော်လည်း (ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဒ ဟူသော) တရားကို မသိနိုင်ပေ။
ဓမ္မပဒ (၆၄) ဥဒါရိတ္ထေရ ဝတ္ထု
ဓမ္မပဒ (၆၅ - ပညာရှိသူ၏ တန်ဖိုးကို လျင်မြန်စွာ သိနိုင်ရန် အသိအလိမ္မာ ဥာဏ်ပညာ ရှိဖို့လိုသည်။
An intelligent man, even though he is associated with a man only for a moment quickly understands the Dhamma, Just as the tongue knows the taste of soup.
Verse 65
လျှာသည် ဟင်း၏အရသာကို လျင်မြန်စွာ သိဘိသကဲ့သို့ အသိအလိမ္မာ ဥာဏ်ပညာရှိသူသည် ခဏမျှလောက် ပညာရှိကို ဆည်းကပ်ခွင့်ရလျှင် တရားတော်ကို လျင်မြန်စွာ သိနိုင်သည်။
ဓမ္မပဒ (၆၅ တိံသပါဝေယျက ဘိက္ခု ဝတ္ထု)
ဓမ္မပဒ (၆၆) - ပညာမဲ့နှင့် အကုသိုလ်ကံ
With themselves as their own enemies, fools lacking in intelligence move about doing evil deeds, which bear bitter fruits.
Verse 66
လက်ရှိနှင့် နောင်သံသရာအရေး မသိနားမလည်သော ပညာမဲ့တို့သည် မိမိကိုယ်ပင် မိမိရန်သူသဖွယ်ဖြစ်ကာ အပါယ်ရောက်စေသည့် အကုသိုလ် ပြုနေကြ၏။ ထိုသူတို့ ပြုလုပ်ထားသော အကုသိုလ်ကံသည် အလွန်ဆင်းရဲသော အကျိုးကို ပေးတတ်သည်။
ဓမ္မပဒ (၆၆) သုပ္ပဗုဒ္ဓကုဋ္ဌို ဝတ္ထု
ဓမ္မပဒ (၆၇) - မိုက်မဲမိခဲ့ခြင်း၏ အပြစ်ဒဏ်
.
That deed is not well done if one has to repent for having done it, and if, with a tearful face, one has to weep as a result of that deed.
Verse 67
.
ပြုလုပ်ပြီးနောက် မိုက်နောင်တနှင့် ပူပန်ရသောအလုပ်မျိုးသည် မကောင်းပေ။ ယင်းမကောင်းသော အလုပ်၏ အကျိုးကို မျက်ရည်ကြီးငယ် ငိုယိုကာဖြင့် ဘဝသံသရာ တလျှောက်လုံး ခံစားရတတ်သည်။
ဓမ္မပဒ (၆၇) ကဿက ဝတ္ထု
ဓမ္မပဒ (၆၈) - ကောင်းမွန်သောအလုပ် ဆိုသည်မှာ
.
That deed is well done if one has not to repent for having done it, and if one is delighted and happy with the result of that deed.
Verse 68
ပြုလုပ်ပြီးနောက် မိုက်နောင်တနှင့် မပူပင်ရပဲ ကြည်နူးဝမ်းမြောက်စွာ ကောင်းကျိုးချမ်းသာကို ခံစားရသော အလုပ်မျိုးသည် ကောင်းလှပေ၏။
ဓမ္မပဒ (၆၈) သုမန မာလာကာရ ဝတ္ထု
No comments:
Post a Comment