1. ဗုဒ္ဓ၏ သန့်ရှင်းစင်ကြယ်သော စိတ်တော်နဲ့ လွန်စွာထက်မြက်သော ဥာဏ်တော်တို့ကို ပွားများပြီးတဲ့နောက် ကိုယ်တော်တိုင် အသိဥာဏ်နှင့် ပြည့်စုံသလို အကျင့် မြတ်နဲ့လည်း ပြီးပြည့်စုံတယ်ဆိုတဲ့ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ကြီး ကို ပွားများကြည့်ပါမယ်။
2. ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော် (ကျက်မှတ်ပွားများရန်)
3. ၀ိဇ္ဇာတရား၊ စရဏတရားနှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား
4. အသိဥာဏ်၊ အကျင့်မြတ်တို့နှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား
5. ၀ိဇ္ဇာသုံးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
6. ပုဗ္ဗေနိဝါသာနုဿတိဥာဏ်ကို ရတော်မူသောမြတ်စွာဘုရား
7. ဒိဗ္ဗစက္ခုဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
8. အာသ၀က္ခဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
9. ရှေးရှေးဘ၀၌ကြုံတွေ့ခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
10. ဝေးကွာသော အဆင်း၊ သေးငယ်သော အဆင်းကို မြင်နိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
11. ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
12. ၀ိဇ္ဇာဥာဏ်အားလုံးနှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား
13. ရုပ်နာမ်တရားအားလုံးကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား
14. သူတစ်ပါး၏ စိတ်ကို သိနိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
15. မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တမျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သော ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
16. ဝေးသောအသံ၊ သေးငယ်သောအသံကို ကြားနိုင်သောဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား
17. တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော ဥာဏ်ကိုရတော်မူသော မြတ်စွာဘုရား
18. အသိဥာဏ်ပညာ အားလုံးနှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား
19. နိဗ္ဗာန်သို့ရောက်နိုင်သော အကျင့်မြတ်တို့နှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား
20. စရဏ ၁၅ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
21. အရာရာ၌ တတ်သိလိမ္မာမှု ဟူသော ပညာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
22. ၀ီရိယ အားကောင်းတော်မူသော မြတ်စွာဘုရား
23. အကြားအမြင်များမှုဟူသော သုတနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
24. နိုးနိုးကြားကြား အိပ်မှု၊ အအိပ်အနေ နည်းမှု ဟူသော ဇာဂရိယာနုယောဂအကျင့်မြတ်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား
25. တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသ စသည် မဖြစ်အောင် စောင့်စည်းနိုင်သော မြတ်စွာဘုရား
26. အကျင့်သီလနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
27. အသိဥာဏ် ရှိသလို အကျင့်မြတ်နှင့် လည်းပြည့်စုံတော်မူသော မြတ်စွာဘုရား
28. ၀ိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော်ကြီးဖြင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား
(အရှင်ဇနကာဘိဝံသ-ရတနာ့ဂုဏ်ရည်၊ စာ-၃၃ မှ အဓိပ္ပါယ်ရှင်းလင်းချက်များကို ပွားများရေးပါသည်။)
No comments:
Post a Comment