LIFE ( ဘ၀ )
ကမ္ဘာပေါ်ဝယ် လူသားတချို့သည် အိပ်ချိန်တန်လျှင်အိပ်ရမည်ကို သိကြ၏၊
အိပ်ရာမှနိုးထသော် သူဘာဖြစ်မည်ကို မသိတော့၊တချို့သော လူသား
. များကား ကောင်းကျိုးဆောင်က နတ်ပြည်ရောက်မည်၊ဆိုးကျိုးပြုက
ငရဲလားရမည်ကို သိကြ၏၊ ငရဲဆိုတာ အလုံးလားအပြားလားသူတို့မသိ၊နတ်
ပြည်၌ ဒုက္ခဆိုတာရှိနိုင်သည်ကို သူတို့မထင်၊ နတ်ပြည် ငရဲပြည်မှ
လွန်မြောက်သော် ဘာဆက်ဖြစ်မည်ကို သူတို့မသိကြ၊တချို့ လူသားများကား
. သံသရာဆုံးသည်ထိ သိနိုင်ကြ၏၊ သို့သော် အလှမ်းဝေးလွန်း၍ အားမတန်သဖြင့်
မာန်လျှော့ကုန်ကြသည်၊ ဤသည်မှာ ဘ၀အတွက် PLAN မရှိ
၍ဖြစ်သည်၊ ထို့ကြောင့် သင့်ဘ၀အတွက် PLAN ကြိုချပါ ...........
(က) မျက်တောင်တစ်ဆုံး PLAN
ဒီနေ့ သင်ဘာပြီးရင်ဘာလုပ်ရမည်ကို သေချာ PLAN ချလုပ်ဆောင်ပါ ၊ ထို့နည်းတူ
နောက်နေ့နောင်နေ့တွေလည်း ဘာလုပ်ရမည်ကို သင်
PLAN ကြိုချထားပါ ..............
(ခ) မျက်စိတစ်ဆုံး PLAN
သင့်ဘ၀အတွက် သင့်စိတ်ကူးထဲမှာ သေဆုံးသည်ထိ ဘာပြီးရင် ဘာလုပ်ရမည်ကို
သေချာစွာ PLAN ချလုပ်ဆောင်ပါ.............
(ဂ) သံသရာ PLAN
သင် ဒီဘ၀မှာ သင့်PLAN တွေပြီးဆုံးလို့ သေဆုံးခဲ့ရင် နောင်ဘယ်ဘ၀ကို
သွားမယ် ဘာတွေလုပ်မယ် ဆိုတာ PLAN ကြိုချထားပါ၊ ပြီးရင်
ထို့နောက်ထို့နောက် ဘ၀တွေထိပေါ့၊ သံသရာ PLAN ထိသင့်ဘ၀မှာ
ရေးဆွဲနိုင်ခဲ့မယ်ဆိုရင်တော့ သင်ဟာမသိသေးသောအသိတရားတွေ
ရလာပါလိမ့်မယ်.......... ( ဖြစ်ပြီးရင် ပျက်ရသလို၊ ပျက်ပြီးရင်
ပြန်ဖြစ်တာ သံသရာပါ )
(၂) သူဖြစ်နိုင်တာ သူလုပ်နေ၍ ၊ ကိုယ်ဖြစ်နိုင်တာ ကိုယ်လုပ်ပါ
ပညာကို လိုလားသူသည် ပညာကို ကြိုးစား သင်ယူနေသလို၊ ဥစ္စာကိုလိုလား သူသည်
စီးပွားကိုရှာဖွေနေ၏ ၊ အာဏာကို လိုလားသူသည် မင်း
ဖြစ်အောင် ကြိုးစားနေသလို၊ သင်သည်လည်း သင်ဖြစ်နိုင်တာကို တစ်စိုက်မတ်မတ်
ကြိုးစားလုပ်ဆောင်ပါ...........
(၃) ကျောက်ဆောင်ကို ခေါင်းနဲ့တိုက်သူ
ခေါင်းမာသူများသည် ကိုယ်ဖြစ်ချင်တာတစ်ခုအတွက်
ကျောက်ဆောင်ကိုခေါင်းနဲ့တိုက်တတ်ကြသည်၊ ထိုလိုလူများ များပြားလာသောအခါ
တစ်
ချိန်တွင် ခေါင်းတစ်လုံးကြောင့် ကျေက်ဆောင်သည်လည်း ပြိုကြသွားနိုင်သည်၊
ထိုခေါင်းတစ်လုံးသည် သင့်ခေါင်းဖြစ်နိုင်မလား၊ကွဲပြဲကုန်သော
ခေါင်းပေါင်းများစွာတွင် သင့်ခေါင်းပါမလား သင်ချင့်ချိန်ပါ၊ သေချာစွာ
သုံးသပ်ပြီးမှ သင်ခေါင်းနှင့်တိုက်ပါ...........
(၄) လုပ်တာတွေမဖြစ်ရင် ဖြစ်တာတွေလုပ်နိုင်ရမယ်
လုပ်ချင်တာတွေလုပ်နိုင်ဖို့ လုပ်နိုင်တာကိုအရင် အောင်မြင်အောင်လုပ်ပါ ၊
ဖြစ်ချင်တိုင်းမဖြစ်နိုင်တဲ့ လောကရဲ့ နိယာမ တစ်ခုအောက်မှာ ဖြစ်ချင်
ရာဖြစ်လို့ နေမဲ့အစား ၊ ဖြစ်နိုင်တာလေးတွေကို
ကြိုးစားပြီးလုပ်ဆောင်သင့်တယ်.............
(၅) လောကကြီးကို အရွဲ့မတိုက်ပါနဲ့
လောကကြီးကို ရွဲ့ရင် သင်ပဲရွဲ့စောင်းသွားနိုင်တယ် ၊ လောကကြီးဟာ
အစဉ်အမြဲတရားပါတယ် သင်ကောင်းရင်ကောင်းသလို၊သင်ဆိုးရင်လည်း
ဆိုးနိုင်တယ်.............
(၆) ထိုက်တန်သော အရှုံးကို အပြုံးနှင့်လက်ခံပါ
ခြေထောက်မသန်တဲ့သူဟာ လူကောင်းတစ်ယောက်နဲ့ယှဉ်ပြေးရင်
သူသာလျှင်ရှုံးနိမ့်မှာပါပဲ၊ ဒီလိုအရှုံးကို ကျေနပ်စွာလက်ခံနိုင်ရမယ်၊
အားနည်း
ချက်ရှိတဲ့သူဟာ အားသာချက်ရှိတဲ့သူကို ရှုံးနိမ့်သွားတဲ့အခါ
ကျေနပ်စွာလက်ခံရင်း၊ဖြစ်နိုင်တဲ့ဖက်မှာ အားသာချက်ရှိအောင်
ထာဝရကျိုးစားသင့်
တယ်............
(၇) လောကကြီးမှာ ဥာဏ်မှီသလောက်ကုန်အောင် စဉ်းစားပါ
ဘ၀ဆိုတဲ့ တိုက်ပွဲများကြားဝယ် လူသားတိုင်းသည် ဥာဏ်မှီသလောက်ကုန်အောင်
စဉ်းစားသင့်သည်၊ ဥာဏ်မမှီတော့၍ ရှုံးနိမ့်သွားရသည့်အခါ
လူသားတုင်း ထိုအရှုံးကို ဖြေသိမ့်နိုင်ပေမဲ့ ၊ ဥာဏ်မှီတာကို မစဉ်းစားမိ၍
ပေါ့လျော့မှုကြောင့် ရှုံးနိမ့်ရသည့်အခါ နောင်တနှင့်အတူ ကိုယ့်ကိုယ်ကို
သာအပြစ်တင်ရပေလိမ့်မည် ၊ ထို့ကြောင့် မည်သည့်အကြောင်းအရာကိုမဆို
ပြေးကြည့်ခြင်းထက်ဦးအောင်တွေးကြည့်ပါ၊ ဖြစ်နိုင်ခြေအားလုံးကို
ဥာဏ်မှီသလောက်ကုန်အောင် စဉ်းစားပါ ၊ ပြီးလျှင်ချင့်ချိန်ပါ...........
(၈) ပြိင်ပွဲ
ပြိုင်ပွဲဟူသည် တူညီသူတို့၏ ကြိုးစားမှုကိုတူတာလေးတွေနှင့်
ယှဉ်ပြိုင်ခြင်းဖြစ်သည်...........
(၉) လူလိုနေပါ ၊ လူကို လူလို့မြင်ပါ
သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့ အမည်ဟူသမျှကို နာမ်ဟုခေါ်လျှင်
ပုခုံးနှစ်ဖက်ခေါင်းထွက်သော် လူလို့မြင်ရမည်၊ လူကိုလူလိုမြင်လျှင်
လူလိုနေတတ်
လာမည်၊ လူလိုနေလျှင် သေသော်အနည်းဆုံးလူတော့ပြန်ဖြစ်မည်.........
(၁၀) ယုံကြည်မှု ပျက်သူ
ယုံကြည်မှုအား အလွဲသုံးစားလုပ်သူကို နောက်ထပ်မယုံရန်မှာ
မိမိ၏တာဝန်သာဖြစ်သည်..........
(၁၁) အတ္တကြီးသူ၏ စိတ်ထား
ငါစွဲ အတ္တကြီးသူသည် ဘယ်သောအခါမှ စိတ်ထားမကောင်းနိုင်၊ ကောင်းခဲ့လျှင်လည်း
အတ္တတို့အိပ်ပျော်ခိုက် ခဏတာကောင်းသော စိတ်ထား
သာဖြစ်လိမ့်မည်..........
(၁၂) ကူညီခြင်း
ကူညီခြင်းဆိုသည်မှာ တပါးသောသူအား မိမိအကျိုးမပါပဲ ထိုသူ၏အမှုကိစ္စတို့ကို
အားဖြည့်လုပ်ဆောင်ပေးခြင်းဟု ခေါ်ဆိုနိုင်သည်၊မိမိအကျိုး
ကြည့်၍ကူညီခြင်းအား ကူညီသည်ဟု မဆိုလိုနိုင် ဤသည်မှာ အကျိုးလို၍
ညောင်ရေလောင်းခြင်းသာဖြစ်ပေသည်၊ အများအကျိုးဆောင်က
တနေ့တွင် ကိုယ့်အကျိုးလည်းအောင်လာပါလိမ့်မည်၊
သို့သော်ကိုယ်အကျိုးအောင်လို၍ အများအကျိုးမဆောင်ပါနှင့် ထို့ကြောင့်
................
( ကူညီပါ အားရပါးရကူညီပါ ပြီးလျှင် ထာဝရသင်မေ့ပစ်ပါ )
(၁၃) ကံကောင်းချင်လျှင်
အကျိုးဆိုတာ အကြောင်းရှိမှဖြစ်ရသည်၊ အတိတ်ဆိုတာ ရှိခဲ့၍ ပစ္စုပ္ပန်ဆိုတာ
ရှိလာရ၏ ဤသို့ဆိုလျှင် အနာဂတ်ဆိုတာ သေချာလာမည်၊အနာ
ဂတ်တို့သည် တစ်ချိန်တွင် ပစ္စုပ္ပန် နှင့် အတိတ်တို့ ဖြစ်ရအုံးမည်၊
ထို့ကြောင့် သံသရာဆိုတာ မုချလည်မည် ၊သံသရာမဆုံးမခြင်း သင်သည်ကံ
အမြဲကောင်းချင်လိမ့်မည်၊ ကံကောင်းချင်လျှင် ကံ ကံ၏အကျိုးကို သင်ယုံရမည်၊
ကံဆိုတာ အလုပ်ဟု ဗုဒ္ဓဟောကြားခဲ့သည်၊ ကံ ကောင်းဖို့
အလုပ်ကောင်းရမည်၊ အလုပ်ကောင်းဖို့ စိတ်ထားကောင်းရမည်၊ စိတ်ထားကောင်းဖို့
ကိုယ်ချင်းစာတတ်ရမည် ၊ထို့ကြောင့် ကံ ကောင်းခြင်း၏
အခြေခံအရင်းအမြစ်သည် ကိုယ်ချင်းစာတတ်ခြင်းမှ မြစ်ဖျားခံသည်ဟု
သင်နားလည်စေချင်သည်၊ ကိုယ်ချင်းစာတတ်လျှင် စိတ်ထားကောင်း
လာမည်၊ စိတ်ထားကောင်းလာလျှင် သင်အလုပ်ကောင်းလာမည်၊ အလုပ်ကောင်းလျှင်
သင်ကံ ကောင်းလာမည်၊သို့သော် ယခုချက်ခြင်းကောင်း
ချင်မှကောင်းလိမ့်မည် ၊အလုပ်ကောင်းပါလျက် သင်ကံ ဆိုးနေလျှင်လည်း
ကျေနပ်စွာခံယူရင်း သင်အလုပ်ကောင်းမြဲကောင်းပါစေ၊ အတိတ်မှ
ကံကြွေးတို့ ပစ္စုပ္ပန်တွင် ဆပ်၍ကုန်ခဲ့သော် အနာဂတ်သည် ကံကောင်းခြင်းသာ
ရှိပါတော့မည်.........
No comments:
Post a Comment