Thursday, February 18, 2010

ခင်ပွန်းကြီးဆယ်ပါး

ခင်ပွန်းကြီးဆယ်ပါးမှာ-

၁။ သဗ္ဗညုဘုရား။
၂။ ပစ္စေကဗုဒ္ဓဘုရား။
၃။ ရဟန္တာ။
၎။ အဂ္ဂသာဝက ၂-ပါး။
၅။ မာတာ= မိခင်။
၆။ ပိတာ= ဖခင်။
၇။ ၀ုဒ္ဓါပစာယန= အသက် သိက္ခာ သီလ အမျိုး စသည် မိမိထက်ကြီးမြတ် ရိုသေအပ်သူ။
၈။ အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးအပ်သော ဆရာမြတ်။
၉။ ဓမ္မကထိက= သူတော်ကောင်းတရား ဟောပြောပြသသူ။
၁၀။ ဟိတ ကရ= အစားအသောက် နေရာထိုင်ခင်း ပေးသောသူ။

ခင်ပွန်းကြီးဆယ်ပါးကို ပူဇော်ရိုသေသူတို့ရရှိမည့် အကျိုး ၁၀-ပါးမှာ-

၁။ တစ်ပါးရွာသို့သွားလျှင် အစားအစာမရှားပါးခြင်း။
၂။ ရောက်ရာအရပ်၌ အပူဇော်ခံရခြင်း။
၃။ ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ခြင်း။
၎။ မျက်နှာမြင်က ချစ်ခင်သူပေါများခြင်း။
၅။ ပွဲလယ်၌ ရဲရင့်ခြင်း။
၆။ မိမိ၏ ကျေးဇူးသတင်း ပျံ့လွင့်ခြင်း။
၇။ အခြံအရံ အမြဲမပြတ်ရှိခြင်း။
၈။ ဆင် မြင်း ကျွဲ နွားပေါများ၍ စပါးဆန်ရေ မပျက်စီးခြင်း။
၉။ တောင်စောက် ချောက်ကမ်းပါး၌ ကျသော်လည်း မသေခြင်း။
၁၀။ သားသမီးနှင့်တစ်ကွ အခြေအမြစ်ကြီးကျယ်ခြင်း။

ခင်ပွန်းကြီးဆယ်ပါးအမည်ဖြင့်တော့ ဘုရားဟောမရှိပါ၊ တူရာစု၍သာ။

No comments:

Post a Comment