အကုသိုလ် ဖြစ်စေသော စေတသိက် ၁၄-ပါး-
၁။ မောဟ၊ မသိတတ်ခြင်း။
၂။ အဟိရိက၊ အကုသိုလ်ပြုရန် မရှက်ခြင်း။
၃။ အနောတ္တပ္ပ၊ အကုသိုလ်ပြုရန် မကြောက်လန့်ခြင်း။
၎။ ဥဒ္ဓစ္စ၊ စိတ်ပျံ့လွင့်ခြင်း။
၅။ လောဘ၊ လိုချင်မှုသဘော။
၆။ ဒိဋ္ဌိ၊ မှားမှားယွင်းယွင်း သိမြင်ခြင်း။
၇။ မာန၊ ထောင်လွှားတက်ကြွခြင်းသဘော။
၈။ ဒေါသ၊ စိတ်၏ ခက်ထန်ကြမ်းတမ်းခြင်းသဘော။
၉။ ဣဿာ၊ ငြူစူ မနာလိုခြင်းသဘော။
၁၀။ မစ္ဆရိယ၊ ၀န်တိုခြင်းသဘော။
၁၁။ ကုက္ကုစ္စ၊ နောင်တတစ်ဖန် ပူပန်ခြင်းသဘော။
၁၂။ ထိန၊ ထိုင်းခြင်း။
၁၃။ မိဒ္ဓ၊ မှိုင်းခြင်း။
၁၄။ ၀ိစိကိစ္ဆာ၊ ယုံမှားခြင်း။ မယုံတ၀က် ယုံတ၀က်။
ကုသိုလ် ဖြစ်စေသော စေတသိက်များ-
၁။ သဒ္ဓါ၊ ယုံကြည်ခြင်းသဘော။
၂။ သတိ၊ အောက်မေ့ခြင်း အမှတ်ရခြင်းသဘော။
၃။ ဟိရိ၊ မကောင်းမှုပြုရမည်ကို ရှက်ခြင်း။
၎။ သြတ္တပ္ပ၊ မကောင်းမှုပြုရမည်ကို ကြောက်ခြင်း။
၅။ အလောဘ၊ မလိုခြင်မှု။
၆။ အဒေါသ၊ မခက်ထန် မကြမ်းတမ်းခြင်းသဘော။
၇။ အမောဟ၊ ဉာဏ်ပညာ။
၈။ မေတ္တာ၊ သတ္တ၀ါများ၏ စီးပွားချမ်းသာ လိုလားခြင်းသဘော။
၉။ ကရုဏာ၊ သနားကြင်နာမှုသဘော။
၁၀။ မုဒိတာ၊ သူတစ်ပါး၏ ပြည့်စုံမှုကို ၀မ်းမြောက်ခြင်းသဘော။
၁၁။ ဥပေက္ခာ၊ လျစ်လျူရှုခြင်းသဘော။
၁၂။ သမ္မာဝါစာ၊ မှန်စွာပြောဆိုခြင်း။
၁၃။ သမ္မာကမ္မန္တ၊ မှန်စွာပြုလုပ်ခြင်း။
၁၄။ သမ္မာအာဇီဝ၊ မှန်စွာအသက်မွေးခြင်း။
No comments:
Post a Comment