မလင့်မှန်စွာ သင်ကြားပို့ ချ
က မှ အ အဆုံး မေတ္တာသုံးလျက်
သင်ပေး လက်ထပ် စနစ်ကပ်စေ
ချော့ချီ ခြောက်ချီ နည်းအလီလီဖြင့် 
တပည့် သားမှာ ပညာဖြာ....
နေ့ ရက်စဉ်သွန်သင် မှားခဲ့လျှင်ပြင်၍
စိတ်ရှည် သည်းခံ ကရုဏာမှန်ဖြင့်
ညီရင်း သွေးသား ပမာထားကာ
ကြိုးပမ်း အတည် ပြုခဲ့အလီလီမှ
တပည့်သားမှာ စာရိတ္တဖြာ....
မပြတ်အားပေး နှိုးဆော်ဖေးလျက်
ချိန်ဆတွေးကာ မျှော်မြင်လာဘို့ 
ဘ၀တန်ဘိုး ချစ်မြတ်နိုးဘို့ 
အလေးထားကာ ပြောခါခါက
တပည့်သားမှာ ပန်းတိုင်ဖြာ.....
ဆရာ့ စွမ်းရည် ထွေထွေသည်ကြောင့်
တပည့်သားမှာ အောင်မြေသာဆဲ
ဦးညွတ်ရိုကျိုး ကြည်ညိုတိုးလျက်
နှလုံးထက်တွင် မှတ်တမ်းတင်၏
တုနှိုင်းမဲ့လှစွာ အဘယ့်...မြတ်ဆရာ ။ ။
ဆင်မြူရယ်စိုးလွင်
No comments:
Post a Comment