Thursday, February 18, 2010

အို...မြတ်ဆရာ

ရွှင်သောနှလုံး ပြုံး၏မျက်နှာ
ကြည်စင်သောစိတ် ဖိတ်ထွေလဲ့ခင်
ကြင်နာစိတ်ထား ပွားများ(က)ရုဏာ
စိတ်စေတနာ နာသုံးနာထား
ကြားမြင်သင်ကြ ဆရာပေါင်းကို
လက်အုပ်ဆောင်း၍ ထွေ့လေမလဲ
ခိုင်ခိုင်မြဲစွာ ရိုသေဦးချ
ကန်တော့ပါ၏

မင်္ဂလာမိုးသို့ သွန်းဖြိုးရွာ၏
မေတ္တာဓာတ်စုံ ပြည့်စုံပါသည်။
မျက်ရည်ပြည့်လျှံ ချစ်စိတ်သန်သည်
တပည့်ဆိုးမျိုး မရိုကျိုးလဲ
မကွက်စိတ်သဘော ကြည်သွေးနှောလျှက်
သီးခံဆုံးမ သင်ကြားကြသည့်
မြတ်လှစွာသည့် အိုမြတ်ဆရာ….
သင်သည်အဘယ်သို့
တပည့်တို့ဘေး ရှာကာပူပေးတတ်သနည်း
လာမည်ရန်ဘေး ဝေးသို့မရှောင်
မိမိရှေ့ကတားဆီးပေးသည့်
ရင်အုပ်သားငယ် တပည့်တဖွယ်
သာရင်းတမျိုး ချစ်ကြည်နိုးတတ်ပါသည့်
အို မြတ်ဆရာ…
ပညာကုန်စင် တတ်လှစေချင်
တပည့်တို့ကို ချော့ကာတမျိုး
ခြောက်တလှည့်နှင့် မှုပူဟန်ရာ
စိတ်တကယ်အမှန်ဟာကို
အကွယ်က လေဖျောက် စိတ်တိုပုံစံ
လုပ်ပြသဖန် အမှန်စိတ်ရင်း
တပည့်တွင်းတို့နှင့် ချစ်တင်းသည်သာ
ဆိုတတ်ချင်ပါသည့် ဟန်ဆောင်ကောင်းသော
အိုမြတ်ဆရာ…
အကျွန့်မိုက်ပြစ် ခုမှသိလို့
ဆရာကျေဇူး မျှော်ကာဖူးလျှက်
မာနရယ်ချိုးလက်စုံမိုး၍ ရှိခိုးမိပါသည်
ခွင့်လွှတ်ပါရဲ့လား အိုမြတ်ဆရာ…

No comments:

Post a Comment