*
နေ့စဉ်နှင့်အမျှ လူတွေဟာ တိုက်ပွဲနှစ်ခုကို ရင်ဆိုင်ကြရလိမ့်မည်....။ တစ်ခုမှာ အသက် ဆက်လက် ရှင်သန်ဖို့ အတွက် တိုက်ရသော တိုက်ပွဲနှင့် နောက်တစ်ခုမှာ ဂုဏ်သိက္ခာ အတွက် တိုက်ရသော တိုက်ပွဲပင်ဖြစ်သည်။ ဂုဏ်သိက္ခာ ရှိရှိနဲ့ နောက်တစ်ရက်ကို ကူးမြောက် နိုင်သူမှသာ အမှန်တကယ် အောင်နိုင်သူ ပင်ဖြစ်ပေသည်။
*
တစ်ဆင့်ပြီးတစ်ဆင့်၊ ဘယ်ညာဘယ်ညာ.....၊ ငါတို့တွေ နယ်ရုပ်စစ်သားတွေလိုပဲ ကျဆုံးနေကြ၊ အပိုင်းပိုင်းနှင့်... တစစီလွင့်စင်နေကြပြီး ဘယ်တော့မှ အနိုင်မရပေမယ့် တိုက်ပွဲတွေကတော့ ငါတို့အတွက် ရှိနေဆဲ....။
*
စစ်ဆိုတာ လူငယ်တွေအတွက် သေဆုံးခြင်း၊ လူကြီးတွေအတွက် စကားပြောခြင်း။
*
ခေါင်းဆောင်ဆိုသည်မှာ စစ်တိုက်ရန်အတွက်သာ စိတ်ကူးနေ၍မရပေ…။ ရဲမက်များ၏ ဘ၀ များကိုလည်း ကြည့်ရှုတတ်ရန် လိုအပ်ပေသည်။
*
စစ်သည်တွေက ဘုရင်ကိုမမြင်ဖူးပေ။ သို့သော် ဘုရင်ခိုင်းသမျှကို လုပ်ကြ၏။ ဘုရင်အတွက် စစ်တိုက် နေကြ၏။ ဘုရင်ပြောသည့်အတိုင်း သေဆိုလျှင်သေ၊ ရှင်ဆိုလျှင်ရှင်ကြ၏။ အဘယ်ကြောင့်နည်း ????အမိန့်နာခံခြင်းကြောင့်ပင်ဖြစ်သည်။
*
မနက်ဖြန်သို့ ရောက်သော် ယနေ့ဆိုသည်မှာ သမိုင်းဖြစ်သွားလိမ့်မည်။ ယနေ့ သင်လုပ်ခဲ့သမျှအတွက် နောင်တစ်ချိန်တွင် လူတွေက သင်နှင့် သင့်တော်သော ခေါင်းစဉ်တစ်ခု တပ်ပေး ကြပါလိမ့်မည်။ ထိုခေါင်းစဉ်ကို သင် နှစ်သက်ချင်မှ နှစ်သက်လိမ့်မည်၊ သို့သော် ၎င်းမှာ သင်ကိုယ်တိုင် ရေးခဲ့သော သမိုင်းပင် ဖြစ်သည်။
*
ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်။ ယိုသူမရှက် မြင်သူရှက် လို့ ရှေးလူကြီးတွေ ပြောခဲ့ကြသည်။ ကြိုက်၍လည်းမဟုတ်၊ ငိုက်တာလည်းမဟုတ်၊ ငတ်၍လည်းမဟုတ် ထိုသုံးခုလုံးနှင့် မငြိစွန်းပဲ ယနေ့ခေတ်တွင် လူအားလုံး မမြင်လျှင် မြင်အောင် အရှက်ကင်းမဲ့စွာ မျက်နှာပြောင်တိုက်ပြ နေသူများကိုတော့ ထုံးစံအတိုင်း ဗီဇကြောင့်ဟူသော ခေါင်းစဉ်အောက်သို့သာ ဆွဲသွင်းရလိမ့်မည်။
*
ခေတ် ဟူသော စကားလုံးကို ကိုယ်လုပ်ချင်တာလုပ်ရန် အကာအကွယ်ယူပြီး ပြောကြသည့် အကြိမ် အရေအတွက်သည် ကျန်တာအားလုံးထက် အဆပေါင်းများစွာ ပိုနေသည်။
*
ငါမွေးတုန်းက ငါငိုတော့ လူတွေက ပြုံးလို့။ ငါသေခါနီးအချိန် လူတွေ ငိုနေချိန်မှာ သူတို့တွေကို ငါပြန်ပြုံးပြရအုံးမယ်။
*
အထက်ကို တက်သွားတိုင်း တက်သွားတိုင်း အောက်ကို ပြန်ကျနိုင်တာကို သတိထားပါ။ အောက်ကို ကျသွား ချိန်များမှာလည်း ပြန်တက်ဖို့ ဇွဲရှိပါ။
*
သတိ လွတ်တဲ့အခါမှာ မှားသွားတယ်။ ဒါကြောင့် မြတ်စွာဘုရားက သတိနဲ့နေဖို့ ဒီလောက် ဦးစားပေးထားတာ။ လူတစ်ယောက်ရဲ့ စိတ်နေသဘောထား၊ အကျင့်သီလ၊ အသိဥာဏ်၊ လုပ်ရည် ကိုင်ရည်အားလုံး အဆင့် မြင့်မားလာဖို့ အခြေခံအကျဆုံး အချက်က သတိ ပဲ။
*
လောကမှာ အချို့ကိစ္စတွေဟာ အကြောင်းပြချက်မလိုဘူး။ ဥပမာ- အချစ်။
*
ပိုက်ဆံ အကြွေး တင်တာထက် မေတ္တာ အကြွေးတင်တာက ပိုပြီးဆပ်ရခက်တယ်။
*
အချစ်ဆိုတာ ကစားစရာ မဟုတ်ဘူးဆိုပေမယ့် လူ တော်တော်များများကတော့ အချစ်ကို ကစားပြီး ရရှိလာတဲ့ ပျော်ရွှင်မှုကို ကျေနပ် ဂုဏ်ယူနေတုန်းပါပဲ…။
*
လူအချို့က လူတွေကို မုန်းတယ်၊ မုန်းတယ်လို့ ဟစ်အော်ကြတယ်၊ အချို့က လူတွေကိုသနားတယ်လို့ စုပ်သပ်ကြတယ်။ လူတွေက မုန်းစရာလား??၊ သနားစရာလား??။ အမှားမရှိပါဘူး။ မုန်းဖို့ကောင်းတဲ့ မကောင်းမှုတွေထဲမှာ သနားဖို့ကောင်းအောင် မွေ့လျှော်နေတဲ့ အများဆုံးသတ္တ၀ါက လူသားဖြစ်နေလို့ပါ…။
*
အသိအလိမ္မာ ပညာရှိတွေကိုတောင် နစ်မြုပ်ပျက်စီးစေတဲ့ ရှုပ်ထွေးပွေလီတဲ့ မိန်းမတွေကို ရှောင်နိုင်အောင် ကြိုးစားပါ။ ဘယ်လောက်လှလှ အကျင့်ယုတ် ပွေရှုပ်နေရင် အနားမကပ်နဲ့။
*
လူမိုက်တစ်ယောက်ရဲ့လျှာသည် သူ၏ အကြံဥာဏ်များ၊ ထင်မြင်ချက်များကို ပြောဆိုဖို့အတွက် အဓိကအရာကြီး ဖြစ်သည်။ ပညာရှိတစ်ယောက်၏ လျှာသည့် သူ၏ တတ်သိလိမ္မာမှုများကို သိမ်းဆည်းထားသည့် အရာဖြစ်သည်။
*
သဘာဝတရားကြီးက ကျွန်ုပ်တို့ကို နားရွက်နှစ်ဖက်၊ မျက်စိနှစ်လုံးပေးအပ်ထားသည်။ သို့သော် လျှာကိုတော့ တစ်ခုသာ ပေးခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘ၀နိဂုံးချုပ်မည့် နောက်ဆုံး အချိန်အထိ ကျွန်ုပ်တို့ပါးစပ်မှ ပြောတာတွေထက် ကျွန်ုပ်တို့၏ မျက်လုံးများနှင့် ကြည့် နားများနှင့် နားထောင်ခြင်းကို ပို၍လုပ်သင့်သည်။
*
ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။
*
စမ်းချောင်းလေးတခုတည်းက တူညီတဲ့ ရေများပါပဲ။ ဒါပေမဲ့ တချို့က သူ့ကို ရွှေကရားနဲ့ ထည့်ထားတယ်။ တချို့က ရွှံ့မြေနဲ့ လုပ်ထားတဲ့ ခွက်ငယ်နဲ့ သောက်သုံးကြတယ်။ ရွှေကရားနဲ့ ရွှံ့မြေခွက် မရှိတဲ့သူတို့ကျတော့ လက်ခုပ်နဲ့ သောက်ရုံပဲ ရှိမယ်ပေါ့။
*
ကျေးဇူးပြုပြီး ရွေးချယ်စရာတွေ အများကြီးမပေးပါနဲ့။ ငါ ဟာ ငါ ဖြစ်ဖို့ပဲ မွေးလာတာပါ။
Thanks for reposting my quotes on your blog. It's not a problem by reposting . However, you
ReplyDeletehave to follow the instruction that is written at the bottom of the posts to refer to the original
link.
It costs you nothing.
Hope you will cooperate.
Slip
http://www.meepyatite.info/2009/02/blog-post_17.html