Sunday, February 21, 2010

အတွေးမှတ်စုများ-၂

*
တာဝန်ယူခြင်းနှင့် အခွင့်အရေးရခြင်းသည် အမြဲ ဒွန်တွဲနေသည်။ တာဝန်ယူတတ်သူဆီသို့ အခွင့် အရေးများနှင့် အောင်မြင်မှုများက မလဲမသွေ ဆိုက်ရောက်လာတတ်သည်။


*
ရွှငါးတစ်ကောင်လို အဖိုးတန်ချင်ပေမယ့်လည်း အချို့နေရာတွေမှာ သင်ဟာ ငါးခုံးမ ဖြစ်ကောင်း ဖြစ်နေ လိမ့်မည်။ သင့်ကြောင့် တစ်လှေကြီးတော့ အပုပ်မခံပါနဲ့ အလိုက်သိသိ လှေထဲက ခုန်ထွက် လိုက်ပါ။


*
နာက်ဆုံးကျတော့လည်း အရင်တုန်းက ကိစ္စတွေအားလုံးကို မေ့ပစ်လိုက်ကြတာပါပဲ…။


*
အမှတ်တရဆိုသည်မှာ မေ့၍ရမည်….
အမှတ်သည်းချေဆိုသည်မှာ ဘယ်တော့မှ မေ့လို့မရနိုင်….


*
အကျင့်တစ်ခုကို ပြတင်းပေါက်မှလွှင့်ပစ်၍မရ။ လှေကားဆင်းလမ်းအတိုင်း တစ်ကြိမ်မှာ တစ်ထစ်စီ ချော့ခေါ် ကာ ဖြည်းဖြည်းဆင်းခိုင်းမှရမည်။


*
ယနေ့ဆုံးရှုံးခဲ့သော အချိန်နာရီသည် ထာဝရဆုံးသွားပြီဖြစ်သည်။ မနက်ဖြန်၌ သင် နောက်ထပ် နစ်ဆယ့် လေး နာရီ ရပါလိမ့်ဦးမည်။ သို့သော် မနေ့ကအချိန်ကိုကား တစ်နာရီမျှပင် ပြန်ခေါ်လို့ ရနိုင်မည် မဟုတ် ပေ။


*
အစွမ်းသတ္တိရှိသည့် ပုဂ္ဂိုလ်တိုင်း၏ နောက်ကွယ်တွင် အစွမ်းသတ္တိရှိသည့် ပုဂ္ဂိုလ် နောက်တစ်ယောက် ရှိနေ တတ်သည်။


*
လူတစ်ယောက်ကို သံသယမျက်လုံးနဲ့ ကြည့်နေမည်ဆိုပါက ထိုသူဘာတွေလုပ်နေလုပ်နေ သံသယ ဖြစ်စရာ တွေသာ မြင်နေလိမ့်မည်။


*
အလုပ်အားခိုက် ကြောင်ကို ရေချိုးပေးခြင်းသည် အတွေ့အကြုံ အသစ်တစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် ကြောင်ကို ရေချိုးပေးရင်း တစ်နေမကုန်သင့်ပေ။


*
လောကတွင် လူအများစုတို့မအောင်မြင်ရခြင်းမှာ
(၁) ရည်မှန်းချက် တိတိကျကျ မထားရှိခြင်းကြောင့်
(၂) လုပ်ငန်းအစီအစဉ်များ စနစ်တကျ ချမှတ်လုပ်ဆောင်မှု မရှိခြင်းကြောင့်ဖြစ်သည်။
(၃) တစ်ကြိမ်မအောင်မြင်ရုံနှင့် နောက်ဆုတ်သွားခြင်းကြောင့် ဖြစ်သည်။


*
အောင်မြင်မှုသာ လွယ်လွယ်ရနေပါက လူတိုင်း အောင်မြင်သူတွေသာ ဖြစ်နေလိမ့်မည်။


*
ခြေလှမ်းကြီးကြီး လှမ်းရမည့်နေရာမျိုးတွင် ကြောက်ရွှံ့ တွန့်ဆုတ်မနေပါနှင့်။ ချောက်ကမ်းပါး တစ်ခု ကို ဖြတ်သန်းရာတွင် ခြေလှမ်းငယ် နှစ်လှမ်းခွဲ၍ လှမ်းနေလို့မဖြစ်နိုင်။


*
ကျွန်ုပ်တို့စိတ်သည် ဥယျာဉ်မြေကွက်နှင့်တူသည်။ ကျွန်ုပ်တို့၏ အတွေးများက မျိုးစေ့များဖြစ်သည်။ ချိုမိန် သော အတွေးများက ပန်းမန်များကို ပွင့်ဖူးစေသည့် မျိုးစေ့များနှင့် တူ၍ နှစ်သိမ့် ကြည်နူးမှု များကို ပေးကာ ခါးသီး သော အတွေးများက ပေါင်းမြက်များ ကဲ့သို့ ရှုပ်ထွေးမှု၊ စိတ်ပျက် အားငယ်မှု၊ ဒေါသ အာဃာတ ပွားရမှုနှင့် ကြေကွဲ ၀မ်းနည်းရမှုများဖြင့် နှိပ်စက်တတ်သည်။


*
ပြတင်းပေါက် သံတိုင်များကြားမှ လူနှစ်ယောက် အပြင်သို့ ကြည့်ကြသည်။ တစ်ယောက်က ရွှံ့အိုင်များကို မြင်သည်။ တစ်ယောက်က ကြယ်များ လင်းလက်တောက်ပနေသည့် ကောင်းကင်ကိုမြင်သည်။


*
ခင်မင်စေလိုလျှင် သူတပါးနာမည်ကို ဂရုတစိုက် မှတ်သားထားပါ။


*
ရွှံ့ဗွက်အိုင်၌ ခြေတံရှည်အိမ်သာ ဆောက်လို့ရမည်။ တိုက်တာ အဆောက်အအုံတစ်ခု တည်ဆောက် လိုက် ပါက မကြာခင်မှာပဲ ပြိုလဲကျလိမ့်မည်။


*
လောက၌ ထူးခြားတိုင်း အောင်မြင်သည်မဟုတ်။ ထူးသလိုနှင့် ရူးသွားကြသူတွေ အများကြီးရှိသည်။


*
ဦးခေါင်းတွင် ရင်းနှီးမြှုပ်နှံသူ၏ ပစ္စည်းကို မည်သူမျှ မလုယက်နိုင်။


*
သညာသိသမားက ငါသိတာအများကြီးဟု ၀င့်ကြွားဂုဏ်ယူတတ်၏။ ပညာရှိကား ငါမသိတာတွေ ရှိသေးသည် ဟု ဦးနှိမ်မာန်လျှော့၏။


*
မိမိဘ၀ကို မိမိပုံစံအတိုင်း နေထိုင်သွားနိုင်သူသည် အောင်မြင်သူပင် ဖြစ်သည်။


*
မတူရင် မတုပါနှင့်။ စောင့်ကြောင့်ထိုင်တာခြင်းတူပေမယ့် ဖားကခြေင်္သေ့ဖြစ်မလာပါ။


*
လူတို့ တန်ဖိုးထားသည့်အရာ သုံးမျိုးရှိသည်။ ရှားပါးသော အရာ၊ မြတ်နိုးသော အရာနှင့် အသုံးတည့် သော အရာ….။


*
ဆင်းရဲခြင်း၊ ချမ်းသာခြင်းထက် စိတ်သဘောထား ရင့်ကျက်ပြီး အကျင့်စာရိတ္တဖြူဆင်ဖို့သာ အဓိကဖြစ်သည်။


*
အချစ်ရေးမှာ အဆင်မပြေတဲ့ မိန်းကလေးများသည် အလုပ်ကို စိတ်ဝင်တစားမလုပ်တတ်ကြ။ အလုပ် အဆင်မပြေတဲ့ ယောက်ျားလေးများက အချစ်ရေးကိုစိတ်ဝင်မစားကြတော့။


*
သစ္စာဆိုသည်မှာ မဖောက်ပြန်ခြင်း၊ စောင့်သိခြင်းသာ။

1 comment:

  1. Thanks for reposting my quotes on your blog. It's not a problem by reposting . However, you

    have to follow the instruction that is written at the bottom of the posts to refer to the original

    link.

    It costs you nothing.
    Hope you will cooperate.

    Slip
    http://www.meepyatite.info/2009/01/blog-post.html

    ReplyDelete