အရေးပေါ် အခြေအနေအတွင်း သွေး လိုအပ်နေသော လူနာများအတွက် မြန်မာနိုင်ငံ
ဆရာဝန် အသင်းလက်အောက်ရှိ လူငယ်ဖွံ့ဖြိုးမှု အစီအစဉ်မှ သွေးလှူရှင်အဖွဲ့( HIV
Free Blood Pool) မှ သွေးလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ တာဝန်ရှိသူ ဒေါက်တာ စည်သူဆွေ က ၂၃-၁-၂၀၁၀ရက်တွင်ပြောသည်။ “ ဒီမှာရှိတဲ့ အဖွဲ့ဝင်အား လုံးကိုသွေးအုပ်စုအလိုက် ခွဲထားတာတွေရှိတယ်။ တကယ်လို့သွေးတောင်းခံလာရင် အေသွေးကိုအေသွေး၊ဘီသွေးကိုဘီသွေးလှူနိုင်အောင်ပါ။ နောက်ပြီး ကျွန်တော်တို့
အနေနဲ့ အလှူရှင်ရောက်တဲ့နေရာ၊ တောင်းခံတဲ့နေရာအထိ ချက်ချင်းပို့ပေးပါတယ်။ အဲဒီအတွက်အလှူခံတဲ့သူကဘာမှပေးစရာမလိုပါဘူး” ဟု၎င်းကရှင်းပြသည်။ ယင်းကဲ့သို့
သွေး တောင်းခံရာတွင် လူနာရှင်ကိုယ်တိုင် တိုက်ရိုက်တောင်းခံရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်၍ပြောသည်။ “ပြီးခဲ့တဲ့နှစ်တုန်းက အဲဒီလိုပဲလူတစ်ယောက်ကနေသွေးတောင်း
ခံလာတယ်။ပထမတော့မသိဘူး။နောက်တော့ကြားပွဲစားဖြစ်နေတယ်။ သူကအလှူရှင်ဘက် ကိုအခကြေးငွေယူပြီး ဒီကနေသွေးကိုတောင်းခံတာဖြစ်တယ်။ ဒါကြောင့်အရေးပေါ် အဆင့်မှလှူမယ်။ နောက်လူနာရှင်ကိုယ်တိုင်တိုက်ရိုက် တောင်းခံရမယ်”ဟု ၎င်းကပြောသည်။ လူငယ်များဖြင့် ဖွဲ့စည်းထား သော သွေးအလှူရှင်အဖွဲ့သည် ယခုအခါ အဖွဲ့ဝင်လူငယ်
၂၀၀ကျော်ရှိပြီးယင်းအဖွဲ့အား၂၀၀၈ခုနှစ် မေလကစတင်ဖွဲ့စည်းခဲ့ကြောင်းနှင့်
သွေးတောင်းခံ သောသူများအတွက် နေ့ စဉ်နံနက် ၉နာရီမှ ၄နာရီအတွင်းဖုန် ၃၉၉၀၂၀
သို့ဆက်သွယ်နိုင်ကြောင်း ၂၀၁၀ခုနှစ်ဖေဖော်ဝါရီ ၄ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင်
ဖော်ပြထားပါသည်။
No comments:
Post a Comment