Monday, February 15, 2010

ဓမ္မပါဒ

စိတ် ( The Mind )
ကာမဂုဏ်အာရုံ၌ တုန်လှုပ်တတ်သော ၊ အာရုံတစ်ခုတည်း၌ မတည်တံ့နိုင်သဖြင့် လျှပ်ပေါ့သော ၊ ကာမဂုဏ်အာရုံသို့ မသွားအောင် စောင့်စည်းနိုင်ခဲ ၊ တားဆီးနိုင်ခဲသော စိတ်ကို (လေးသမားသည် မြားကောက်ကို တဖြည်းဖြည်း ဖြောင့်သကဲ့သို့ ) ပညာရှိသည် သမထ ၀ိပဿနာဉာဏ်ဖြင့် တဖြည်းဖြည်း ဖြောင့်လေ၏ ။
Just as a fletcher straightens an arrow shaft, even so the discerning man straightens his mind so fickle and unsteady, so difficult to guard and control.

ငါးသည် ရေမှ ဆယ်ယူ၍ ကုန်းပေါ်သို့ ပစ်လိုက်သည့်အခါ လွန့်လျက်တုန် တဆွေ့ဆွေ့ခုန်သကဲ့သို့ [...]

ပိယ၀ဂ္ဂ – ချစ်ခြင်း
အယောဂေ ယုဉ္ဇမတ္တာနံ ၊ ယောဂသ္မိဉ္ဇ အယောဇယံ ၊

အတ္တံ ဟိတွာ ပိယဂ္ဂါဟီ ၊ ပိဟေတတ္တာနုယောဂိနံ ။
မိမိကိုယ်ကို အားမထုတ် မလုပ်ဆောင်သင့်ရာ၌ အားထုတ်လုပ်ဆောင်၍ အားထုတ်လုပ်ဆောင်သင့်ရာ၌ အားမထုတ် မလုပ်ဆောင်ပဲ အကျိုးစီးပွားကို စွန့်လွှတ်လျက် ချစ်ဖွယ်အာရုံ ကာမဂုဏ်ကို စွဲလမ်းသူသည် ကိုယ်တိုင်အားထုတ် လုပ်ဆောင်ထားသူတို့၏ (စီးပွားဥစ္စာကို) လိုချင်တောင့်တပေ၏။

Devoting oneself to that which should be shunned, not devoting to that which should be associated, rejecting one’s benefit and grasping at the (sensual) pleasure, … he will [...]

အမျက်ဒေါသ
အမျက်ဒေါသကို စွန့်ရာ၏၊ မာနကို ပယ်ရာ၏၊ သံယောဇဉ် အနှောင်အဖွဲ့ အားလုံးကို လွန်မြောက်ရာ၏၊ နာမ်ရုပ်၌ ငါ၏ စိတ် ငါ ၏ ကိုယ် ဟူ၍ မငြိတွယ် မကြောင့်ကြသော သူထံသို့ ဆင်းရဲဒုက္ခတို့သည် မလာကုန်။
One should give up anger, renounce pride, and overcome all fetters. Suffering never befalls him who clings not to mnd and body an dis detached.
လိမ္မာသော ရထားထိန်းသည် လျင်မြန်စွာသွားသော ရထားကို လမ်းမလွဲအောင် ကောင်းစွာ စောင့်ရှောက်သကဲ့သို့ မိမိ၌ ဖြစ်ပေါ်လာသော အမျက်ဒေါသကို တားဆီးနိုင်သောသူကို လိမ္မာသော [...]

ဝဋ်မှာအမြဲ ၊ ငရဲမှာ အပ

ဝဋ်မှာအမြဲ ၊ ငရဲမှာ အပဟု ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ဆိုရိုးရှိကြသည်။ယုံကြည်ကြသည်။ အဓိပ္ပါယ်မှာ ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့ဖြင့် အကုသိုလ်မကောင်းမှုတို့ကိုပြုလုပ်ကျူးလွန်ပါက ငရဲကြီးတက်သည် ငရဲသို့ကျရောက်မည်ဟု အယူရှိကြသည်။

သို့ရာတွင် မိမိတို့ ကျူးလွန်ခဲ့သည်များအတွက် နောင်တတရားရကာ ကုသိုလ်ကောင်းမှုတို့ကို အားကြိုးမာန်တက် ပြုလုပ်ကြပါက မိမိတို့၏ ဒါန ၊ သီလ ၊ ဘာဝနာအကျိုးတို့ကြောင့် ယခင်ပြုခဲ့မိသော အကုသိုလ်အကျိုး(မကောင်းကျိုး)တို့သည် ပျောက်ပျက်နိုင်ပါသည်။ အပါယ်ငရဲ စသည်တို့မှ ကင်းစင်လွင့်ပျောက်နိုင်သော်လည်း ၀ဋ်မှမူ လွတ်မြောက်နိုင်ခြင်းမရှိပေ။ ဘုရားရဟန္တာများသော်မှ ၀ဋ်မှ ကင်းလွတ်နိုင်ခြင်း မရှိပါ။

ဥပမာတစ်ခုကို ထုတ်နုတ်ပြလိုပါသည်။ ယင်းဥပမာမှာ ဓမ္မပဒကျမ်းလာဂါထာတစ်ပုဒ်ကို မြတ်စွာဘုရားရှင်ဟောကြားသော အကြောင်းဖြစ်ပါသည်။

အထက်ပါဂါထာ နှစ်ပုဒ်မှာ ဓမ္မပဒကျမ်း၌ပါရှိသည့် ယမက၀ဂ္ဂပါရှိပါသည်။ ပထမဂါထာမှာ မကောင်းမှုပြုသူသည် [...]

အိုခြင်းတရား
(မိမိကိုယ်၌) အမြဲမပြတ် ကိလေသာမီး တငြီးငြီး တောက်လောင်နေပါလျက် အဘယ့်ကြောင့် ရယ်ရွှင်အားရ နှစ်သက်နေကြသနည်း၊ တရားမှန်ကို မသိခြင်းတည်းဟူသော အ၀ိဇ္ဖာ အမှောင်တိုက်ကြီး ပိတ်ဆီးနေပါလျက် သင်တို့သည် အဘယ့်ကြောင့် ပညာတည်းဟူသော ဆီမီးအလင်းရောင်ကို မရှာကြသနည်း။
When this world is ever ablaze, why this laughter, why this jubilation? Shrouded in darkness, will you not seek the light?
အ၀တ်တန်ဆာတို့ဖြင့် အဆန်းတကြယ် ဖြစ်သော၊ အနာရောဂါတို့၏ စုပေါင်းရာဖြစ်သော၊ အရိုးတို့ဖြင့် ဆောက်လုပ်အပ်သော၊ နာကျင်တတ်သော လူတို့သည် အထူးထူးအပြားပြား များစွာ ကြံဆအပ်သော ဤခန္ခာကိုယ်ကို ရှုလော့။
Behold this boy __ a [...]

အထွေထွေ
အနည်းငယ်မျှသော ချမ်းသာကိုစွန့်ခြင်းကြောင့် ကြီးကျယ်သော ချမ်းသာကို အကယ်၍ မြင်ခဲ့လျှင် ပညာရှိသည် ထိုကြီးကျယ်သော ချမ်းသာကိုမြင်လျက် အနည်းငယ်မျှသော ချမ်းသာကို စွန့်ရာ၏။
If by renouncing a lesser happiness one may realize a greater happiness, let the wise man renounce the lesser, having regard for the greater.

သူတပါးကို ဆင်းရဲပေး၍ မိမိ၏ချမ်းသာကို အလိုရှိသောသူသည် (သူတပါး ရန်မူခံရခြင်း ၊ မိမိက ပြန်၍ ရန်မူခြင်း စသည်ဖြင့် ) အပြန်အလှန် ရန်ခြင်း ရောနှောသည်ဖြစ်၍ ရန်မှ မလွတ်နိုင်။

လူမိုက်
နိုးကြား (အိပ်မပျော်) သော သူအတွက် ညတာရှည်၏၊ခရီးပန်းသော သူအတွက် ယူဇနာ ခရီးသည် ရှည်၏၊သူတော်ကောင်းတရားကို မသိကုန်သော လူမိုက်တို့အတွက် သံသရာသည် ရှည်၏။
Long is the night to the sleepless; long is the league to the weary. Long is worldly existence to fools who know not the Sublime Truth.
သူတော်ကောင်းတရားကျင့်ရန် မိတ်ဆွေကောင်းကို ရှာသောသူသည် မိမိထက် သီလ၊ သမာဓိ၊ ပညာ သာလွန်သော သူကိုလည်းကောင်း ၊ မိမိနှင့်ဂုဏ်ရည်တူဖြစ်သော သူကိုလည်းကောင်း မရနိုင်ခဲ့မူ တစ်ယောက်တည်းသာ ကောင်းစွာကျင့်ရာ၏၊ သူမိုက်နှင့် မပေါင်းဖော်ရာ။

မိမိကိုယ်
မိမိကိုယ်ကို ချစ်လျှင် ( အကုသိုလ်မဖြစ်စေရအောင်၊ ကုသိုလ်ပွားများအောင် ) မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ရာ၏။ အရွယ်သုံးပါးတို့တွင် (အနည်းဆုံး )တစ်ပါးပါးသော အရွယ်၌ ၊ ပညာရှိသောသူသည် ပညာရှိသောသူသည် မိမိကိုယ်ကို အကုသိုလ်မှ စင်ကြယ်အောင် စောင့်ရှောက်ရာ၏။
If one holds oneself dear, one should diligently watch oneself. Let the wise man keep vigil during any of the three watches of the night.
ရှေးဦးစွာ မိမိကိုယ်တိုင် သင့်လျော်ကောင်းမြတ်သော အကျင့်ကို ကျင့်ရာ၏။ နောက်မှ သူတပါးတို့ကို ဟောပြောဆုံးမရာ၏၊ ထိုသို့ကျင့်သော ပညာရှိသည် (သူတပါးတို့ ကဲ့ရဲ့ခြင်းဘေးမှ [...]

ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏။

No comments:

Post a Comment