Monday, February 15, 2010

မေတ္တာပွားကြ ငြိမ်းချမ်းစွ

မေတ္တသုတ် ပရိတ်တော်

ရွတ်ဖတ်နော်အများ။

သတ္တ၀ါအချင်းချင်း မေတ္တထား

မခြားရင်ဝယ်သား။

မေတ္တသုတ် ပရိတ်တော်

ထင်ပေါ်လို့ ကျော်ကြား။

နေ့ညအစဉ် ရွတ်ဖတ်ပွား

ဘေးရန်ကင်းငြား။

မေတ္တာသုတ် ပရိတ်တရား

ရွတ်ဖတ်ပွား အိပ်ရာဝင်။

မကောင်းဆိုးဝါး အိပ်မက်မျိုး

မြင်မက်ရိုး အစဉ်မရှိ။

ချမ်းသာစွာ အိမ်ရသည်ပင်

စိတ်ကြည်လင်အေးမြ။

အပ လောက ပယောဂ

ခြောက်လှန့်ကင်းစွ။

တစ်ယောက်တည်းသောသား

မိမေတ္တာ ထားသလို

သဗ္ဗေ သတ္တာ သတ္တ၀ါများ

မေတ္တာစိတ် ယိုဖိတ်ထား

ပွားများထိုထို။

လူနတ်များ ချစ်ခင်သကို

အဆိပ်လက်နက်ဆို မစူးရှ။

အနာရောဂါ ကင်းစင်ပ

ငြိမ်းချမ်းသာစွ။

လူသားဘ၀ တစ်ခဏ

ထားကြမှ မေတ္တာတွေ။

လောဘ ဒေါသ မောဟပယ်ရှင်း

အချင်းချင်းချစ်ခင်နေ

မေတ္တသုတ်တရား ပွားများပါလေ

သတ္တ၀ါတွေ ကျန်းမာဖို့

မေတ္တသုတ်တရား ရွတ်ပွားပါလေ

သတ္တ၀ါတွေ ချမ်းသာဖို့

လူတိုင်းဘ၀ ငြိမ်းချမ်းလို့

ဘေးမသန်းစေဖို့ ။ ။

(မြ၀တီရသစုံမဂ္ဂဇင်းပါ သိပ္ပံစိုးမြင့်နိုင် ရဲ့ကဗျာလေးကို မျှဝေလိုက်ပါတယ်)

ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏။ ။

No comments:

Post a Comment