Monday, February 15, 2010

အောင်ခြင်းတရား

နိုင်သောသူကား
ရန်ပွားဟုန်းဟုန်း မီးမဆုံးတည့်
ရှုံးနိမ့်သူမှာ ဆင်းရဲစွာနှင့်
နာကျင်ရက်ရက်၊ ခံရခက်တည်း . .

အောင်ခြင်း ၊ ရှုံးခြင်း
သည်မှကင်း၍ ငြိမ်းခြင်းအေးရာ
နေခြင်းသာလျှင် ချမ်းသာစင်စစ်
ဧကန်ဖြစ်ဟု ၊ အတုမရှိ
မုနိဗုဒ္ဓ မြွတ်ခြွေဟသည်
လောက အောင်ခြင်းတရားတည်း.....။

ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏။ ။

No comments:

Post a Comment