ရွှေပါမီတောရ အရှင်ဆန္ဒာဓိက သည် ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးစာပေများကို ရေးသားသော ရဟန်းတော် တစ်ပါး ဖြစ်သည်။ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ယနေ့ ဓမ္မစာပေနယ်ပယ်တွင် ပရိတ်သတ်အခိုင်အမာရရှိထားပြီး တရားပွဲများတွင် ပရိတ်သတ် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
၁၉၆၈ ခုနှစ်၊ ဇန်န၀ါရီလ(၉)ရက်၊ အဂ်ါနေ့တွင် ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက်၌ ခမည်းတော်ဦးစိန်ဝင်း၊ မယ်တော်ဒေါ်သိန်းသိန်း တို့မှ ဖွားမြင်သည်။
၁၉၈၄ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ရေနံချောင်းမြို့၊ အထက(၁)မှ ခြောက်ဘာသာ (ဘာသာစုံ) ဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယရလျက် အောင်မြင်သည်။
သုံးထပ်ကွမ်းလူရည်ချွန်အဖြစ် ၈တန်း၊ ၉တန်း၊ ၁၀တန်းတို့၌ သုံးနှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရသည်။
၁၉၈၄ ခုနှစ်၊ ဆယ်တန်းအောင်မြင်ပြီးနောက် သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပရိယတ္တိစာပေများ လေ့လာဆည်းပူးခဲ့သည်။
၁၉၉၂ ခုနှစ်တွင် ပထမကျော်ဘွဲ့ နှင့် ၁၉၉၅ ခုနှစ်တွင် ဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့သည်။
၁၉၉၈ ခုနှစ်တွင် အသက်(၃၀)ပြည့် ပုလဲရတု မွေးနေ့အထိမ်းအမှတ်အဖြစ် တစ်ယောက်တည်းနေ တစ်စိတ်တည်းထား စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။
အလှူဒါန
- ၂၀၀၅-ခုနှစ်၊ မေလ(၁၉)ရက်မှ (၂၂)ရက်အထိ ရေနံချောင်းမြို့တွင် မျက်စိအထူးကုဆရာဝန်ကြီးမှ မျက်စိဝေဒနာရှင်(၂၅၀၀)ကျော်ကို ကြည့်ရှုစစ်ဆေးပေးခြင်း အတွင်းတိမ်လူနာ(၂၈၈)ဦးနှင့် အသေးစားခွဲစိတ်ကုသရန် လိုအပ်သည့် လူနာ(၂၈)ဦး စုစုပေါင်း (၃၁၆)ဦး တို့အား အခမဲ့ ခွဲစိတ်ကုသပေးရာတွင် ဆရာတော်မှဦးဆောင်ပြီး တပည့်ဒါယကာ၊ဒါယိကာမများမှ ပံ့ပိုးကူညီပေးခဲ့သည်။
- ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကသည် သက်တော်(၃၀)ပြည့်မှစ၍ ယနေ့အထိ လှူခဲ့ပြီးသော လှူတန်းမှုအစုစုမှာ ကျပ်သိန်း(၃၀၀၀) ခန့်ရှိပြီဟု သိရပါသည်။
၂၀၀၉-ခုနှစ်၊ ဇွန်လ ၄နေ့ ညနေ ၆ နာရီခန့်တွင် စစ်ကိုင်းတိုင်း မုံရွာရှိ ဗောဓိတထောင် ဘုရားမှ ဓာတ်လှေကားတစ်ခုသည် ပေ ၂၀ ကျော်အမြင့်မှ ပြုတ်ကျမှု ဖြစ်ပွားရာ ဓမ္မကထိက အကျော်အမော်များဖြစ်သော အရှင် ရဝေနွယ်(အင်းမ)၊ ဆရာတော် အရှင်ဆန္ဒာဓိက ဗောဓိတထောင်ကျောင်းတိုက်မှ ရဟန်းတစ်ပါးနှင့် ဘုရားဖူး ၅ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့၍ မန္တလေးဆေးရုံတွင် ကုသမှု ခံယူနေကြရသည်။ ဆရာတော်များအား လာရောက်မေးမြန်း လှူဒါန်းသွားသော မုန့်၊ သစ်သီးဝလံနှင့် အစားအစာ များအား နေ့စဉ် သံဃာတော်အပါး(၁၀၀)အတွက် ပြန်လည် လှူဒါန်းပေးနေရပေသည်။
No comments:
Post a Comment