အယူဝါဒအမှန်ကို ပျက်စီးစေနိုင်သော အယူမှား၊ (မိစ္ဆာဒိဋ္ဌိ) တို့မှာ အောက်ပါအတိုင်းဖြစ်၏
(၁) လောက၌ ဖန်ဆင်းရှင်ရှိ၏၊ မြေကြီး၊ ဟိမ၀န္တာတောင်၊ စကြ၀ဠာ၊ မဟာသမုဒ္ဒရာတို့နှင့် သတ္တ၀ါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆတတ်ကြသည်။ ယင်းသို့ယူဆသော ၀ါဒကို "ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ၀ါဒ" ဟုခေါ်ပါသည်။
(၂) လောက၌ ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူ၍မရှိ၊ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ် မမည်။ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု ယူဆတတ်ကြသည်။ ယင်းသို့ယူဆခြင်းသည် အကြောင်းကံကို ပယ်ခြင်းဖြစ်၍ "အကိရိယဒိဋ္ဌိ" ဟုခေါ်ပါသည်။
(၃) တဖန် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးတရားဟူ၍မရှိ။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး၊ မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆတတ်ကြသည်။ ယင်းသို့ ယူဆခြင်းသည် အကျိုး(၀ိပါက)ကို ပယ်ခြင်းဖြစ်၍ "နတ္တိကဒိဋ္ဌိ"ဟု ခေါ်ပါသည်။
(၄) ထို့ပြင် ကုသိုလ်ကံ၊ အကုသိုလ်ကံဟူ၍လည်းမရှိ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးဟူ၍လည်းမရှိဟု ယူဆတတ်ကြပြန်သည်။ ယင်းသို့ယူဆခြင်းသည် အကြောင်း၊ အကျိုး နှစ်မျိုးလုံးကို ပယ်ခြင်းဖြစ်၍ "အဟေတုကဒိဋ္ဌိ"ဟု ခေါ်ပါသည်
ဘုရား၊ တရား၊ သံဃာကို မပစ်ပယ်ဘဲ လာဘ်လာဘ ရွှင်စေလို၍ နတ်ကိုပူဇော်ပသခြင်း၊ နတ်ဖမ်းစားမည်ကို စိုးရိမ်၍ ရိုးရာတင်မြှောက်ခြင်းတို့သည် သရဏဂုံ မပျက်ပေ
ဘုရားကို ပစ်ပယ်ပြီး နတ်ကိုဖြစ်စေ၊ တစ်ခြားသော ဘုရားအလောင်း (တရုတ်အန်းကုန်း) စသည်တို့ကိုဖြစ်စေ ကိုးကွယ်ရာဟူ၍ ဆည်းကပ်မူကား သရဏဂုံ ပျက်သည်
ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် စာ-၁၇၊၁၈၊၁၉

No comments:
Post a Comment